သိပ္ပံလက္ခဏာသုတေသနအသင်း၏ ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့ပေးအပ်ခြင်းအခမ်းအနား

65314555_705649929881605_2913555455391301632_n.jpg

နက္ခတ္တဝေဒဆိုင်ရာ သိပ္ပံလက္ခဏာသုတေသနအသင်းရဲ့ စာတမ်းဖတ်ကြားတင်သွင်းခြင်းအခမ်းအနားကို မန္တလေးမြို့၊ ဆရာဝန်များအသင်း (ပိတောက်) ခန်းမမှာ ၃၀.၆.၂၀၁၉ ရက်နေ့၊ နေ့လယ်က ပြုလုပ်ကျင်းပခဲ့ပါတယ်။ အခမ်းအနားမှာ အသင်းဥက္ကဌ ပါမောက္ခချုပ် ဒေါက်တာ ဦးရွှေမင်းက အဖွင့် အမှာစကားပြောကြားခဲ့ပြီး စာတမ်းရှင် ဆရာ/ဆရာမတွေက မိမိတို့နဲ့သက်ဆိုင်သော နက္ခတ္တဗေဒင်နှင့် လက္ခဏာပညာဆိုင်ရာစာတမ်းနေတွေကို ဖတ်ကြားတင်သွင်းခဲ့ပါတယ်။

အခမ်းအနားမှာ အထူးအစီအစဉ်အဖြစ် ၂၀၁၉ ခုနှစ်အတွက် အသင်းကြီးရဲ့ ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့ရရှိသူစာရင်းကို အသင်းအတွင်းရေးမှူး ဒေါက်တာ ကင်္ကသူက ဖွင့်ဖောက်ကြေညာပေးခဲ့ပြီး ဘွဲ့ရရှိသွားကြတဲ့ ဂုဏ်ထူးဆောင်ဆရာကြီးတွေကတော့ –

  • ဆရာကြီး ဦးသန်းဌေး (မြန်မာနိုင်ငံဝေဒသုတေသနအဖွဲ့)
  • ဆရာကြီး ဦးအောင်ဆက်(KP နက္ခတ်ဗေဒင်ပညာရှင်)
  • ဆရာကြီး ဦးမောင်မောင်ကြည်(တေသဝိဇ္ဇာ ဗေဒင်ပညာရှင်)
  • ဆရာကြီး ဦးမင်းဇယျ (နက္ခတ္တ ဗေဒင်ပညာရှင်)
  • ဆရာကြီး ဦးမြိတ်ကျော်လင်း (လက္ခဏာပညာရှင်)
  • ဆရာကြီး ဦးပြာ (သရောဒယ ဗေဒင်ပညာရှင်)
  • ဆရာကြီး ဦးရဲမြတ်အောင် (မြန်မာနိုင်ငံ ပြက္ခဒိန်တော်ဆက်အဖွဲ့ဝင်)

တို့ဖြစ်ကြပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top