လူမှုကွန်ရက်ကြောင့် အိမ်ရာမဲ့ဘဝမှသည် သီချင်းသွင်းခွင့်ရရှိခဲ့သူ

8.10.2024-yyl-1.jpg

ဘီယာသောက်ရဖို့ လမ်းဘေးမှာ သီချင်းတစ်ပုဒ် သီဆိုဖျော်ဖြေခဲ့တဲ့ အိမ်ရာမဲ့တစ်ဦးဟာ လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့သွားပြီး သီချင်းသွင်းခွင့်ပါ ရခဲ့ပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၂ ရက်နေ့မှာ ဒိုမီနစ်အလက်ဇန္ဒားက လမ်းဘေးမှာ ဂစ်တာတီးနေတဲ့ အန်ဒရူးလာဆင်နဲ့ ဆုံခဲ့တာပါ။

ဘီယာဝယ်တိုက်ရင် သီချင်းဆိုပြမယ်လို့ အန်ဒရူးလာဆင်က ပြောခဲ့ပြီး အလက်ဇန္ဒားကလည်း ဘီယာတိုက်ဖို့ သဘောတူခဲ့ပါတယ်။ အဲဒီနောက်မှာ လာဆင်က သူကိုယ်တိုင် ရေးစပ်ထားတဲ့ Ghost of You သီချင်းကို ဆိုပြခဲ့ပြီး အလက်ဇန္ဒားလည်း တော်တော်သဘောကျသွားခဲ့ပါတယ်။ လာဆင် သီချင်းဆိုနေတဲ့ ဗီဒီယိုကို အလက်ဇန္ဒားက TikTok ပေါ်တင်ခဲ့ရာမှာ ပျံ့နှံ့သွားခဲ့ပြီး လာဆင်ရဲ့ ရင်တွင်းဖြစ်အသံ၊ စိတ်နှလုံးကို ဖမ်းစားနိုင်တဲ့ စာသားတွေကို နားဆင်သူတွေ နှစ်ခြိုက်ခဲ့ကြပါတယ်။

လာဆင်က ဖြစ်ထွန်းအောင်မြင်သင့်သူလို့ ယူဆတဲ့ အလက်ဇန္ဒားဟာ သီချင်းထုတ်ပေးနိုင်ဖို့အတွက် GoFundMe စာမျက်နှာတစ်ခု ဖွင့်လှစ်ခဲ့ပြီး ရန်ပုံငွေ ရှာဖွေခဲ့ပါတယ်။ အချိန်တိုအတွင်း ထည့်ဝင်လှူဒါန်းမှုအများအပြား ရခဲ့ပြီး လာဆင်လည်း သူ့သီချင်းကို အသံသွင်းနိုင်ခဲ့ပါတယ်။ တစ်လမပြည့်ခင် အချိန်အတွင်းမှာပဲ လာဆင်ရဲ့ Ghost of You သီချင်းကို ပလက်ဖောင်းအများအပြားပေါ်မှာ နားဆင်လို့ ရနေပါပြီ။

Ref: ‘Trading Beer For A Song’: Homeless Man Lands Record Deal After Viral TikTok Performance
NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top