ဂျပန်အဆိုတော်မင်းသမီး မီဟို နာခါရာမဟာ တိုကျိုမြို့မှာရှိတဲ့ သူ့ရဲ့နေအိမ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။ သူ့သေဆုံးချိန်မှာ အသက် ၅၄ နှစ်ရှိပါပြီ။
သူ့ကို သူ့နေအိမ်ရေချိုးခန်းအတွင်း လဲကျသေဆုံးနေတာကို ဝန်ထမ်းတစ်ဦးက တွေ့ရှိခဲ့တယ်လို့ NHK သတင်းဌာနက ဒီဇင်ဘာ ၆ ရက်နေ့မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ လက်ရှိမှာတော့ သူ သေဆုံးတာနဲ့ပတ်သက်တဲ့အခြေအနေတွေကို အာဏာပိုင်တွေက စုံစမ်းစစ်ဆေးနေပါတယ်။
၁၉၇၀ ခုနှစ် မတ်လ ၁ ရက်နေ့မှာ မွေးဖွားခဲ့တဲ့ မီဟိုဟာ ၁၉၈၅ ခုနှစ်မှာ အဆိုတော်အဖြစ် ပွဲဦးထွက်ခဲ့ပြီး ဂျပန်နိုင်ငံတစ်ဝှမ်းရှိ သူ့ရဲ့ပရိသတ်တွေရဲ့နှလုံးသားကို ချက်ချင်းဖမ်းစားနိုင်ခဲ့ပါတယ်။ သူဟာ သူ့ရဲ့သီချင်းတွေနဲ့အတူ သူ့ရဲ့သရုပ်ဆောင်စွမ်းရည်ကိုလည်း ပြသနိုင်ခဲ့ပါတယ်။ ၁၉၉၅ ခုနှစ်ရဲ့ Love Letter ဇာတ်ကားက ဂျပန်နိုင်ငံအတွင်းရော နိုင်ငံတကာကပါ အသိအမှတ်ပြုခံရဆုံးဇာတ်ကားတွေထဲက တစ်ကားဖြစ်ပြီး အကောင်းဆုံးမင်းသမီးဆုတွေကိုလည်း ရရှိခဲ့ပါတယ်။ အဆိုတော်အဖြစ်ရော သရုပ်ဆောင်အဖြစ်ပါ ပရိသတ်တွေကို ကောင်းကောင်းတင်ဆက်ပေးနိုင်တာကြောင့် ဂျပန်နိုင်ငံသာမက အာရှနိုင်ငံတွေကပါ အားပေးနှစ်ခြိုက်ခဲ့တဲ့ ဂျပန်အဆိုတော်မင်းသမီးဖြစ်လာခဲ့ပါတယ်။
သူဟာ ၂၀၀၂ ခုနှစ်က ဂီတပညာရှင် ဟီတိုနာရီ ဆူဂျီနဲ့ လက်ထပ်ခဲ့ပြီး ၁ နှစ်အကြာမှာ သားတစ်ယောက်ထွန်းကားခဲ့ပါတယ်။ ဒါပေမဲ့ သူတို့နှစ်ဦးဟာ ၂၀၁၄ ခုနှစ်မှာ ကွာရှင်းခဲ့ပါတယ်။ သားဖြစ်သူကိုတော့ ခင်ပွန်းဟောင်းက အုပ်ထိန်းခွင့်ရထားပါတယ်။
Ref: Japanese actress Miho Nakayama passes away at 54, leaving a legacy of stardom
WL (ရိုးရာလေး)