ဖခင်ဖြစ်သူ ဒိုင်းကာအဖြစ် ကာကွယ်ပေးခဲ့လို့ အသက်ရှင်လွတ်မြောက်ခဲ့ရတဲ့ (၂) နှစ်သားလေး

7-7-2022-01.jpg

အဘိုးဖြစ်သူပေါ်မှာ ရှိနေတဲ့ အိုင်ဒန်

ချီကာဂိုမြို့နားမှာ ဇူလိုင် ၄ ရက်နေ့ လွတ်လပ်ရေးချီတက်ပွဲပစ်ခတ်မှုအတွင်း အိုင်ဒန် မက်ကာသီ ဆိုတဲ့ (၂) နှစ်သားလေးဟာ ဖခင်ဖြစ်သူရဲ့ဟီးရိုးဆန်ဆန်ကယ်တင်ပေးမှုကြောင့် အသက်ရှင်လွတ်မြောက်ခဲ့ရပေမဲ့ မိဘမဲ့အဖြစ် ကြီးပြင်းရတော့မှာပါ။
ဖခင်ဖြစ်သူ ကယ်ဗင် မက်ကာသီ နဲ့ မိခင်ဖြစ်သူ အိုင်ရီနာတို့ဟာ ပစ်ခတ်မှုအတွင်း သေဆုံးခဲ့တဲ့ လူ (၇) ဦးထဲမှာ ပါဝင်ခဲ့ပါတယ်။

အိုင်ဒန်ရဲ့အဖေက ဒဏ်ရာရထားတာတောင် သူ့သားလေးကို ဒိုင်အဖြစ် ကာကွယ်ကယ်တင်ပေးသွားခဲ့တာကြောင့် အိုင်ဒန် အသက်ရှင်လွတ်မြောက်ခဲ့ရတာပါ။ အနီးနားမှာ ရှိတဲ့သူတွေက အိုင်ဒန်ကို သူ့အဖေရဲ့ခန္ဓာကိုယ်အောက်မှာ တွေ့ပြီးဆွဲထုတ်ခဲ့ရတာပါ။

အိုင်ဒန်ရဲ့အဖေနဲ့အမေ

ပစ်ခတ်မှုတွေပြီးသွားတဲ့နောက်မှာ အိုင်ဒင် တစ်ယောက်တည်း ဖြစ်နေတဲ့အတွက် အဲဒီမှာရှိနေတဲ့ လူတွေက အိုင်ဒင်ရဲ့ပုံကို ရိုက်ပြီး လူမှုကွန်ယက်ပေါ်မှာ တင်ခဲ့ပါသေးတယ်။ အိမ်နီးနားချင်းတစ်ဦးဖြစ်တဲ့ အက်ဒရီနီ ရိုဆန်ဘလက်တ်က အိုင်ဒန်ရဲ့ပုံကို မြင်တွေ့ပြီး သူ့ရဲ့အဘိုးအဘွားတွေနဲ့အတူ အဆက်အသွယ်လုပ်ဖို့ ကြိုးစားခဲ့ကြပါတယ်။

အဲဒီနေရာမှာ ရှိနေတဲ့ လူတွေကလည်း အိုင်ဒန်ကို ဂရုစိုက်ခဲ့ကြပါတယ်။ နောက်တော့ ဒါနာနဲ့ ဂျော့ ရင်းဆိုတဲ့စုံတွဲက အိုင်ဒန်ကို တွေ့ပြီး ရဲစခန်းကို ခေါ်သွားပေးခဲ့ပါတယ်။ ရဲစခန်းမှာ အိုင်ဒန်က သူ့အဘိုးနဲ့ ပြန်လည်ဆုံစည်းခဲ့ရပါတယ်။ သူ့အဘိုးနဲ့တွေ့တော့ အိုင်ဒန်က”မာမီနဲ့ဒယ်ဒီ မကြာခင် လာခေါ်မှာမလား”လို့ မေးခဲ့ပါသေးတယ်။ အခု အိုင်ဒန်က မိဘမဲ့ဖြစ်သွားပေမဲ့ သူ့ရဲ့ချစ်လှစွာသောအဘိုးအဘွားတွေက စောင့်ရှောက်သွားမှာပါ။

အိုင်ဒန်မိခင်ရဲ့ဝမ်းကွဲ အိုင်ရီနာ ကိုလွန်က အိုင်ဒန်နဲ့သူ့အဘိုးအဘွားတွေအတွက် GoFundMe page ဖွင့်ပေးထားပြီး ဗုဒ္ဓဟူးနေ့မနက်ခင်းအထိ ဒေါ်လာ ၂ သန်းကျော်ရရှိထားပါတယ်။

Ref: CNN “2-year-old orphaned in parade shooting was shielded by his father as the wounded man lay dying”

Team ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top