အမေရိကန်နိုင်ငံမှာ နှင်းမုန်တိုင်းကြောင့် လူသန်း ၆၀ ကျော်အတွက် မိုးလေဝသ သတိပေးချက် ထုတ်ပြန်ထား

17-12-2020-yyl29.jpg

အမေရိကန်နိုင်ငံအရှေ့ဘက်ကမ်းရိုးတန်းဒေသတွေမှာ နှင်းမုန်တိုင်းကြောင့် ကစဉ့်ကလျားဖြစ်မယ့် အခြေအနေ ရှိနေပြီး မိုးလေဝသသတိပေးချက်ထုတ်ပြန်မှုဟာ လူသန်း ၆၀ ကျော်နဲ့ သက်ဆိုင်နေပါတယ်။

နှင်းမုန်တိုင်းဟာ ကော်လိုရာဒိုပြည်နယ်ကနေ မိန်းပြည်နယ်အထိ တိုက်ခတ်မယ်လို့ ခန့်မှန်းထားပြီး ပြည်နယ် ၁၄ ခုမှာ သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။ တချို့ဒေသတွေမှာ နှင်းထု ၂ လက်မအထိ ကျဆင်းနိုင်တယ်လို့ ခန့်မှန်းထားသလို တချို့ဒေသတွေမှာတော့ ပြီးခဲ့တဲ့ ဆောင်းရာသီကာလတစ်ခုလုံးထက် နှင်းပိုကျနိုင်တယ်လို့ အမေရိကန်နိုင်ငံ အမျိုးသားမိုးလေဝသဌာနက ပြောပါတယ်။

ပင်ဆယ်ဗေးနီးယားပြည်နယ်၊ ကလင်တန်ကောင်တီရဲ့ ပြည်နယ်ချင်းဆက် လမ်းမအမှတ် ၈၀ ပေါ်မှာ ကားအစီးရေ ၃၀ ကနေ ၆၀ ကြားပါဝင်တဲ့ ယာဉ်တိုက်မှုဖြစ်ပွားခဲ့လို့ အနည်းဆုံး လူ ၂ ယောက် သေဆုံးခဲ့ပါတယ်။

ပြီးခဲ့တဲ့ နှစ်ပေါင်းများစွာအတွင်း နယူးယော့ခ်မြို့မှာ ကြုံတွေ့ရတဲ့ အကြီးမားဆုံး နှင်းမုန်တိုင်းဖြစ်လာနိုင်တယ်လို့ နယူးယော့ခ်မြို့တော်ဝန် ဘီလ်ဒီဘလာစီယိုက သတိပေးထားပါတယ်။ နယူးယော့ခ်မြို့တစ်ဝန်းမှာရှိတဲ့ ကျောင်းတွေကို အွန်လိုင်းကတစ်ဆင့် သင်ကြားမှုလုပ်ခိုင်းထားပြီး ကူးတို့ပို့ဆောင်ရေးတွေကိုလည်း ရပ်နားထားပါတယ်။ အမေရိကန်နိုင်ငံ အရှေ့မြောက်ပိုင်းမှာ လေကြောင်းခရီးစဉ် ရာပေါင်းများစွာကို ဖျက်သိမ်းခဲ့ပြီး ရထားပြေးဆွဲမှုတွေကိုလည်း ဆိုင်းငံ့ထားပါတယ်။

နယူးယော့ခ်၊ ပင်ဆယ်ဗေးနီးယား၊ ကွန်နက်တီကပ်နဲ့ မေရီလန်းပြည်နယ်တွေ အပါအဝင် ပြည်နယ်တော်တော်များများမှာ ကိုဗစ်-၁၉ ရောဂါ စစ်ဆေးရာနေရာတွေကိုလည်း ပိတ်ထားရပါတယ်။ နှင်းမုန်တိုင်းကြောင့် ဆေးရုံတွေထံ Pfizer/BioNTech ကိုဗစ်-၁၉ ကာကွယ်ဆေး ဖြန့်ဖြူးပေးမှုအပေါ် သက်ရောက်နိုင်ခြေရှိမလားဆိုတာကို စောင့်ကြည့်နေတယ်လို့ အရာရှိတွေက ပြောပါတယ်။

Ref: BBC ” US snow storm: Millions on east coast under advisory”
Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top