မကြာသေးခင်ကမှ ကမ္ဘာ့လှည့်ဖျော်ဖြေပွဲပြီးသွားတဲ့ ကမ္ဘာကျော်အဆိုတော် တေလာဆွစ်ဖ်ဟာ ကင်းဆက်(စ်) မြို့က Children’s Mercy Hospital ဆီ အံ့အားသင့်ဖွယ်လာရောက်လည်ပတ်ခဲ့ပြီး ကလေးလူနာတွေနဲ့ မိသားစုတွေကို ပျော်ရွှင်စရာတွေ ယူဆောင်လာပေးခဲ့ပါတယ်။ သူဟာ သူ့ရဲ့ အသက်၃၅ နှစ်ပြည့်မွေးနေ့မတိုင်ခင် ၁ ရက်အလိုမှာ လာရောက်ခဲ့တာဖြစ်ပြီး ကုသမှုခံယူနေတဲ့ ကလေးတွေနဲ့ အချိန်ဖြုန်းပေးခဲ့ပါတယ်။
တေလာဆွစ်ဖ်ရဲ့လာရောက်မှုက ကလေးလူနာတွေနဲ့ မိသားစုဝင်တွေအတွက် အံ့အားသင့်စရာဖြစ်ခဲ့တာပါ။ သူတို့ကို အထူးဧည့်သည်လာမှာမို့ အဆင့်သင့်ပြင်ထားဖို့ပဲ ပြောထားခဲ့တာပါ။
တေလာဆွစ်ဖ်ရဲ့ချစ်သူ ထရာဗစ်ကယ်လ်စီရဲ့ပရိသတ်တစ်ဦးဖြစ်တဲ့ ကလေးလူနာလေးကလည်း တေလာကို ထရာဗစ်ကယ်လ်စီနဲ့ ပက်ထရစ်မာဟုမ်းစ်တို့ရဲ့နာမည်တွေပါတဲ့ နားဆွဲလေး လက်ဆောင်ပေးခဲ့ပါတယ်။ တေလာဟာ ကလေးလူနာတွေနဲ့အတူ ဂီတအကြောင်းနဲ့ အားကစားအကြောင်း စကားစမြည်ပြောခဲ့ကြတယ်လို့သိရပါတယ်။
Ref: Taylor Swift brings cheer to Kansas City children’s hospital with surprise visit
WL (ရိုးရာလေး)