ကိုရီးယားနိုင်ငံရဲ့ထိပ်တန်းမင်းသမီးချော ဆောင်းဟေကျိုက အေဂျင်စီအသစ် STAND နဲ့စာချုပ်ချုပ်ဆိုလိုက်ပါပြီ။ STAND အေဂျင်စီက စာချုပ်ချုပ်ဆိုခဲ့တယ်ဆိုတာကို “ကျွန်တော်တို့ ဆောင်းဟေကျိုနဲ့ လုပ်ကိုင်ခွင့်ရတဲ့အတွက် ဂုဏ်ယူဝမ်းမြောက်မိပါတယ်။ သူ့ရဲ့အနုပညာအလုပ်နဲ့ သရုပ်ဆောင်ပိုင်းဆိုင်ရာလုပ်ငန်းတွေမှာ အပြည့်အဝအာရုံစိုက်နိုင်ဖို့ ကျွန်တော်တို့ဘက်က အကောင်းဆုံးပံ့ပိုးကူညီပေးသွားမှာပါ။ ကိုရီးယားမှာရော ပြည်ပမှာပါ သူ လုပ်ဆောင်မယ့် အနုပညာလှုပ်ရှားမှုအားလုံးမှာ သူ့ရဲ့ဘေးကနေ အခိုင်အမာရပ်တည်ပေးသွားမှာပါ” လို့ ပြောကြားရင်းကြေညာခဲ့တာပါ။

ဒီကြေညာချက်နဲ့အတူ ဆောင်းဟေကျိုရဲ့ပရိုဖိုင်ပုံအသစ်တွေကိုလည်း ထုတ်ပြခဲ့ပါတယ်။ ဆောင်းဟေကျိုက ဇွန်လကမှ ၁၄ နှစ်တာလက်တွဲခဲ့တဲ့ UAA အေဂျင်စီနဲ့ လက်တွဲဖြုတ်ခဲ့တာပါ။ လက်ရှိမှာတော့ ဟေကျိုက ဒီဇင်ဘာ ၁၁ ရက်နေ့မှာ ပြသမယ့် “Tantara” Netflix စီးရီးအတွက် ပြင်ဆင်လို့နေပါတယ်။

Ref: Actress Song Hye Kyo has found a new agency to call home!
WL (ရိုးရာလေး)

