တိဘက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ ပြင်းအား ၇ မဂ္ဂနီကျူ့စ်ရှိတဲ့ အင်အားပြင်း ငလျင်လှုပ်ခတ်မှုကြောင့် အနည်းဆုံး လူ ၁၆ ဦး သေဆုံးခဲ့ပြီး အဆောက်အအုံရာချီ ပြိုကျပျက်စီးခဲ့ပါတယ်။
အောက်တိုဘာလ ၂၂ ရက်၊ ဒေသစံတော်ချိန် ည ၁၀ နာရီ ၃၃ မိနစ်အချိန်က နာချူမြို့ရဲ့အရှေ့၊ အရှေ့မြောက် ၁၉၁ ကီလိုမီတာအကွာကို ဗဟိုပြုပြီး ငလျင်လှုပ်ခတ်ခဲ့တာလို့ အမေရိကန်ဘူမိဗေဒတိုင်းတာရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ငလျင်လှုပ်ခတ်မှုကြောင့် အနည်းဆုံး နေအိမ် ၃၃၉ လုံးနဲ့ မွေးမြူရေးခြံ ၂၀ ပြိုကျပျက်စီးခဲ့ပြီး လူ ၁၂၀၀ ကျော်ကို ဘေးကင်းရာ ရွှေ့ပြောင်းပေးခဲ့ရပါတယ်။
ငလျင်ဘေးသင့်သူတွေကို ရှာဖွေကယ်ဆယ်ဖို့အတွက် အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်ဖို့ တရုတ်သမ္မတ ရှီကျင့်ဖျင်က တိုက်တွန်းထားပါတယ်။
Ref: Magnitude 7 earthquake strikes Tibet killing at least 16 people and destroying hundreds of homes
NZ (ရိုးရာလေး)

