ထိုင်းနိုင်ငံက ခွေးလေးတစ်ကောင်ဟာ သူ သခင် ပြန်အလာကို Convenience Store အပြင်ဘက်ကနေ စောင့်နေခဲ့ပါတယ်။ အဲ့ဒီခွေးလေးဟာ မိုဒန်လို့ အမည်ရပြီး နိုဝင်ဘာလမှာ သေဆုံးသွားခဲ့တဲ့ သူ့သခင်ကို Mueang ခရိုင်မှာရှိတဲ့ 7-Eleven ဆိုင်ရှေ့မှာ စောင့်ဆိုင်းနေခဲ့တယ်လို့ The Nation သတင်းဌာနက ဖော်ပြထားပါတယ်။
မိုဒန် စောင့်ဆိုင်းနေတဲ့မြင်ကွင်းကို ဖေ့စ်ဘွတ်အသုံးပြုသူ Mari-Mo Photography က ရိုက်ကူးခဲ့ပြီး ဇန်နဝါရီ ၁၃ ရက်နေ့က အကောင့်မှာ တင်ခဲ့တာပါ။ မျက်နှာသုတ်ပုဝါ အပြာပေါ်မှာ အနီရောင်စောင်ကို ခြုံပြီး လဲလျောင်းနေတာကို တွေ့ရပါတယ်။ သူ့ရဲ့ဘေးမှာ ဆိုင်ပိုင်ရှင်က အဝါရောင်ဆိုင်းဘုတ်ထောင်ထားတာတွေ့ရပါတယ်။ ဆိုင်းဘုတ်မှာ မိုဒန်ဟာ အသည်းနဲ့ နွားနို့တွေကို စားသုံးလို့မရကြောင်း ပြည်သူတွေကို အသိပေးထားတာပါ။
မိုဒန်ဟာ သူ့သခင်သေဆုံးပြီးနောက် ၂၀၂၄ ခုနှစ် နိုဝင်ဘာလကတည်းက 7-Eleven ဆိုင်အပြင်ဘက်ကနေ စောင့်ဆိုင်းနေခဲ့တာပါ။ သူ့ကို ရထားဘူတာရှေ့မှာ သခင်ပြန်အလာကိုစောင့်ဆိုင်းနေခဲ့တဲ့ ဟာချီကိုအဖြစ် တင်စားပြီးတော့ “Hachi of Korat” လို့ နာမည်ပြောင်ပေးထားပါတယ်။
မိုဒန်ရဲ့သခင်ဖြစ်သူက အပြင်းဖျားပြီး သေဆုံးခဲ့တဲ့ အိမ်ရာမဲ့အမျိုးသားဖြစ်ပါတယ်။ မိုဒန်နဲ့အတူ ဆိုင်ရဲ့အနီးနားတစ်ဝိုက်လျှောက်သွားပြီးတော့ အစားအစာ (သို့) ပိုက်ဆံကို တောင်းရမ်းခဲ့တာပါ။ သခင်ဖြစ်သူက အဝတ်အစားနွမ်းနွမ်းလေးနဲ့ စိတ်ပိုင်းဆိုင်ရာပြဿနာတွေရှိပုံရပါတယ်။
မိုဒန်နဲ့သူ့သခင်က ညဆို 7-Eleven ဆိုင်အပြင်ဘက်မှာ အနားယူလေ့ရှိပါတယ်။ သခင်သေဆုံးပြီးတဲ့နောက်မှာ ဆိုင်ပိုင်ရှင်နဲ့ ဝန်ထမ်းတွေက မိုဒန်ကို နွေးနွေးထွေးထွေးထားပြီးတော့ ကျွေးမွေးစောင့်ရှောက်ပေးနေခဲ့တာပါ။
Ref: Dog in Thailand waits outside 7-Eleven for owner who already died in Nov. 2024, given ‘Hachi of Korat’ nickname
WL (ရိုးရာလေး)