အမှိုက်ပုံးတွေထဲ ပစ္စည်းလိုက်ရှာရင်း တစ်လ ပေါင် ၄၀၀၀ ( မြန်မာငွေ သိန်း ၁၀၀) ကျော် ရနေသူ

1.5.2023-yyl-11.jpg

အမေရိကန်နိုင်ငံ ပင်ဆယ်ဗေးနီးယားပြည်နယ်မှာ နေထိုင်သူ ဗီရိုနီကာတေလာဟာ အမှိုက်ပုံတွေထဲကနေ ပစ္စည်းလိုက်ရှာရင်း တစ်လဝင်ငွေ ပေါင် ၄၀၀၀ လောက် ရနေသူပါ။ သူဟာ အမှိုက်ပုံးတွေထဲကနေ (စားလို့ရအောင် သန့်ရှင်းနေသေးတဲ့ အစားအစာနဲ့ တခြားပစ္စည်းတွေကို) ပရဟိတအဖွဲ့တွေနဲ့ အိမ်ရာမဲ့တွေထံ လှူဒါန်းပေးလေ့ရှိပါတယ်။

အမှိုက်ပုံးတွေထဲကနေ Louis Vuitton ၊ Michael Kors တို့လို တန်ဖိုးကြီး အသုံးအဆောင်ပစ္စည်းတွေ ရရင်တော့ ပြန်ရောင်းလေ့ရှိပါတယ်။ အစပိုင်းမှာတော့ ဗီရိုနီကာက အမှိုက်ပုံးတွေထဲ ပစ္စည်းလိုက်ရှာတာကို ဝါသနာတစ်ခုအဖြစ်သာ လုပ်ခဲ့ပေမဲ့ တန်ဖိုးကြီး အသုံးအဆောင်တွေ တွေ့ရလေ့ရှိပြီးနောက်ပိုင်းမှာတော့ သူ့သူငယ်ချင်း လစ်ဇ်ဝီဆန်နဲ့အတူ တွဲကာ စီးပွားရေးတစ်ခုလို ရှာဖွေခဲ့ကြတာပါ။

” ရှာတွေ့သမျှအားလုံးကို တစ်ဝက်စီ ခွဲယူကြတာပါ။ တစ်ယောက်ကို တစ်လ ပေါင် ၃၀၀၀၊ ၄၀၀၀ လောက် ရတတ်ပါတယ်။ အသက်မွေးဝမ်းကြောင်း အလုပ်တစ်ခုလို လုပ်သင့်လုပ်ထိုက်တာမျိုးတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ အလုပ်လုပ်ရတာ အရမ်းလွတ်လပ်တယ်” လို့ ဗီရိုနီကာက ဆိုပါတယ်။
ဗီရိုနီကာနဲ့ လစ်ဇ်ဝီလ်ဆန်တို့ဟာ တစ်မြို့ပြီး တစ်မြို့ လျှောက်သွားပြီး အမှိုက်ပုံး နေရာသစ်တွေကိုလည်း ရှာဖွေလေ့ရှိပါတယ်။

Ref: ‘I earn £4,000 a month bin diving – you’d be amazed by the designer labels thrown’

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top