Covid-19 ရောဂါ ကူးစက်ပျံ့နှံ့မှုကို ကိုင်တွယ်ဖြေရှင်းရာမှာ မြောက်ကိုရီးယားနိုင်ငံ အောင်မြင်မှု ရခဲ့တယ်လို့ ကင်ဂျုံအန် ပြော

3-7-2020-yyl-045.jpg

Covid-19 ရောဂါကူးစက်ပျံ့နှံ့မှုကို ကိုင်တွယ်ဖြေရှင်းရာမှာ မြောက်ကိုရီးယားနိုင်ငံက တောက်ပတဲ့အောင်မြင်မှု ရရှိခဲ့တယ်လို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က ချီးကျူးခဲ့ပါတယ်။ မြောက်ကိုရီးယားနိုင်ငံဟာ ကိုရိုနာဗိုင်းရပ်စ် ဝင်မလာနိုင်အောင် တားဆီးကာကွယ်နိုင်ခဲ့ပြီး အခြေအနေ တည်ငြိမ်အောင် ထိန်းထားနိုင်ခဲ့တယ်လို့ ပေါ်လစ်ဗျူရိုအစည်းအဝေးမှာ ကင်ဂျုံအန်က ပြောပါတယ်။ ကမ္ဘာတစ်ဝန်းမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့ခဲ့လို့ ပြီးခဲ့တဲ့ ၆ လကစပြီး မြောက်ကိုရီးယားနိုင်ငံက နယ်စပ်တွေကို ပိတ်ခဲ့ပြီး လူထောင်ချီကို သီးသန့်ခွဲခြားထားခဲ့ပါတယ်။

မြောက်ကိုရီးယားနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူမရှိဘူးလို့ အစိုးရက ဆိုခဲ့ပေမဲ့ အဲဒီစကားက မမှန်လောက်ဘူးလို့ သုတေသီတွေက ပြောပါတယ်။ မြောက်ကိုရီးယားနိုင်ငံဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကို ကိုင်တွယ်ဖြေရှင်းရာမှာ အောင်မြင်ခဲ့ပေမဲ့ အိမ်နီးချင်းနိုင်ငံတွေမှာ ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှု ရှိနေဆဲဖြစ်လို့ ကူးစက်ရောဂါ တားဆီးကာကွယ်ရေး ရှေ့တန်းစစ်မျက်နှာပြင်ကို ဖြေလျှော့မှုမလုပ်ဘဲ အမြင့်ဆုံးအဆင့်အထိ အသင့်ပြင်ဆင်ထားဖို့ လိုအပ်နေတုန်းပဲလို့ ကင်ဂျုံအန်က ပြောခဲ့ပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top