ရောမမာရသွန်ပြိုင်ပွဲကို အကြိမ် ၃၀ ဆက်တိုက် ပါဝင်ယှဉ်ပြိုင်ပြီး ပန်းဝင်ခဲ့တဲ့ ၉၂ နှစ်အရွယ် အဘိုးအို

92.jpg

အသက် ၉၂ နှစ်အရွယ် အမျိုးသားဟာ ရောမမာရသွန်ပြိုင်ပွဲကို အကြိမ် ၃၀ ဆက်တိုက် ပါဝင်ယှဉ်ပြိုင်ပြီး ပန်းဝင်ခဲ့ပါတယ်။ အန်တိုနီယိုရာအိုဟာ အသက် ၁၀ နှစ်အရွယ်ကတည်းက အပြေးလေ့ကျင့်ခဲ့တာဖြစ်ပြီး အခုအချိန်ထိလည်း သီတင်းပတ်တစ်ပတ်ကို ကီလိုမီတာ ၂၀ ကနေ ၃၀ ကြား အပြေးလေ့ကျင့်လေ့ ရှိပါတယ်။

အခုနှစ် ရောမမာရသွန်ပြိုင်ပွဲမှာ ရာအိုက  ၆ နာရီ၊ ၄၄ မိနစ်၊ ၁၆ စက္ကန့်နဲ့ ပန်းဝင်ခဲ့တာဖြစ်ပြီး ယခင်နှစ်ကထက် အချိန် ၁၀ မိနစ် ပိုစောခဲ့ပါတယ်။ ၄၂ ကီလိုမီတာ အကွာအဝေးရှိတဲ့ မာရသွန်ပြိုင်ပွဲမှာ အသက် ၉၀ အရွယ်ရှိသူတစ်ဦးက အချိန် ၇ နာရီမပြည့်ဘဲ ပန်းဝင်တာဟာ အံ့မခန်း စွမ်းဆောင်မှုတစ်ရပ် ဖြစ်ပါတယ်။

Ref: 92-Year-Old Man Completes His 30th Consecutive Rome Marathon

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top