Swiss International Air Lines ရဲ့လေယာဉ်အမှုထမ်းတွေဟာ Boeing 777 လေယာဉ်တောင်ပံပေါ်မှာ ကခုန်ပြီး ဓာတ်ပုံရိုက်ခံခဲ့ရလို့ တာဝန်ရှိသူတွေရဲ့စုံစမ်းစစ်ဆေးမှုကို ရင်ဆိုင်နေရပါတယ်။ လက်ရှိ လူမှုကွန်ယက်မှာ ပျံ့နှံ့နေတဲ့ လေယာဉ်တောင်ပံပေါ် လေယာဉ်အမှုထမ်းတွေ ကနေတဲ့ ဗီဒီယိုကို လေဆိပ်ဂိတ်မှာ စောင့်ဆိုင်းနေတဲ့ ခရီးသွားတစ်ဦးက ရိုက်ကူးခဲ့တာပါ။

အမျိုးသမီးလေယာဉ်မယ်တစ်ဦးက လေယာဉ်တောင်ပံပေါ်မှာ ကနေပုံေပါ်ပြီး နောက်ပိုင်းမှာ အမျိုးသားလုပ်ဖော်ကိုင်ဖက်တစ်ဦးလည်း ပါဝင်လာခဲ့တာကို ဗီဒီယိုမှာ တွေ့ရပါတယ်။ နောက်ထပ်ဒုတိယအမျိုးသားတစ်ဦးလည်းတွေ့ရပြီး အကြီးတန််းအရာရှိတစ်ဦးလို့ ယူဆရပါတယ်။ မြေပြင်က လေယာဉ်အမှုထမ်းနှစ်ဦးကလည်း လေယာဉ်ရဲ့အင်ဂျင်ရှေ့မှာ ဓာတ်ပုံရိုက်နေတာကို တွေ့ရပါတယ်။
ဒီဗီဒီယိုကို အခုလအစောပိုင်းမှာ ရိုက်ကူးခဲ့တာဖြစ်ပြီး ဒါက Swiss International Air Lines ရဲ့စီမံခန့်ခွဲမှုပိုင်းကို ဒေါ်သထွက်စေခဲ့ပါတယ်။ ဒီအပြုအမူကို သည်းခံမှာမဟုတ်ဘူးလို့ လေကြောင်းလိုင်းရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ “ဗီဒီယိုထဲမှာ ပျော်စရာကောင်းပုံရပေမဲ့ ဒါက အသက်အန္တရာယ်ရှိပါတယ်။ Boeing 777 ရဲ့တောင်ပံတွေက ၅ မီတာခန့် (၁၆.၄ ပေ) မြင့်ပါတယ်။ အဲဒီအမြင့်ကနေ မာကျောတဲ့အပေါ်ကို ပြုတ်ကျရင် အသက်ဆုံးရှုံးရနိုင်ပါတယ်”လို့ လေကြောင်းလိုင်းရဲ့ပြောရေးဆိုခွင့်ရှိသူ မိုက်ကယ် ပယ်ဇာက ပြောပါတယ်။

ခရီးသည်တွေကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းသည့် အရေးပေါ်အခြေအနေမျိုးမှာပဲ လေယာဉ်အမှုထမ်းတွေကို လေယာဉ်အတောင်ပံပေါ်သို့ တက်ရန်သာ ခွင့်ပြုထားပါတယ်။
ဗီဒီယိုကြည့်ရှုရန် – https://www.youtube.com/watch?v=QfZmr7KVe-k
Ref: Cabin Crew Dance Atop Plane Wing, Dangerous Photo Stunt Goes Viral
WL (ရိုးရာလေး)

