Fiber Supplement ဂျယ်လီနဲ့ပတ်သက်ပြီး လိမ်လည်မှုနဲ့ အဖမ်းခံခဲ့ရတဲ့ Miss Grand International 2021 ဆုရှင် ဗီယက်နမ်အလှမယ်

fake.jpg

Miss Grand International 2021 ဆုရှင် ဗီယက်နမ်အလှမယ် Nguyen Thuc Thuy Tien ဟာ Fiber supplement ဂျယ်လီအတုကို အရောင်းမြှင့်တင်ပေးပြီးတဲ့နောက်မှာ စားသုံးသူတွေကို လိမ်လည်မှုနဲ့ ဗီယက်နမ်အာဏာပိုင်တွေက သူ့ကို ဖမ်းဆီးခဲ့ပါတယ်။

သူဟာ သူ့ရဲ့လူမှုကွန်ယက်အကောင့်တွေမှာ အမျှင်ဓာတ်ကြွယ်ဝမှုများတယ်လို့ ပြောပြီး အဲ့ဒီ Supplement ဂျယ်လီတွေကို ကြော်ငြာပေးခဲ့တာပါ။ ဒါပေမဲ့ အဲ့ဒီထုတ်ကုန်ကို စစ်ဆေးချက်တွေမှာ ဒါဟာ မမှန်ကန်ဘူးဆိုတာ ထုတ်ဖော်ခဲ့ပြီးနောက် လူအများရဲ့တုန့်ပြန်မှုတွေ ထွက်ပေါ်လာခဲ့ပါတယ်။

Nguyen က Kera Supergreens Gummies ဆိုတဲ့ အဲ့ဒီ Fiber Supplement ကို Social Media Influencer တွေဖြစ်တဲ့ Pham Quang Linh၊ Hang Du Muc တို့နဲ့အတူ အရောင်းမြှင့်တင်ပေးခဲ့တာပါ။ အဲ့ဒီထုတ်ကုန်က အခြား Influencer ၂ ဦး တည်ထောင်ထားတဲ့ ကုမ္ပဏီတစ်ခုနဲ့ Nguyen တို့ကြား ဖက်စပ်လုပ်ငန်းတစ်ခုဖြစ်တယ်လို့ စုံစမ်းစစ်ဆေးသူတွေက ပြောကြားခဲ့ပါတယ်။

သူတို့ရဲ့ဂျယ်လီတွေက ဟင်းသီးဟင်းရွက်တစ်ပန်းကန်နဲ့ ညီမျှတဲ့ အမျှင်ဓာတ်ပါဝင်တယ်လို့ Influencer တွေက အခိုင်အမာဆိုထားတာပါ။ သုံးစွဲသူတစ်ဦးက အဲ့ဒီထုတ်ကုန်ကို ဓာတ်ခွဲခန်းတစ်ခုကို ပေးပို့စစ်ဆေးခဲ့ပြီးတဲ့နောက်မှာ ဂျယ်လီတစ်လုံးစီမှာ ပြောထားတဲ့ ၂၀၀ မီလီဂရမ်ထက်ပိုနည်းတဲ့ အမျှင်ဓာတ် ၁၆ မီလီဂရမ်ပဲပါဝင်တယ်ဆိုတာကို တွေ့ရှိခဲ့ရပါတယ်။

အဲ့ဒီနောက်မှာ အာဏာပိုင်တွေက စုံစမ်းစစ်ဆေးမှုတွေစတင်ခဲ့ပြီး ဂျယ်လီတွေထုတ်လုပ်မှုမှာ အသုံးပြုခဲ့တဲ့ ပါဝင်ပစ္စည်းတွေက အမျှင်ဓာတ်နည်းတယ်ဆိုတာ တွေ့ရှိခဲ့ရပါတယ်။ ထုတ်ကုန်ထုတ်ပိုးမှုမှာ အမျှင်ဓာတ်ပါဝင်မှုကို ဖော်ပြထားခြင်းမရှိသလို ဝမ်းနုတ်ဆေးတွေမှာ အသုံးပြုတဲ့ sorbitol မြင့်မားစွာပါ၀င်တယ်ဆိုတာကိုလည်း ဖော်ပြမထားခဲ့ပါဘူး။

Influencer ၃ ဦးကို မတ်လက ဒဏ်ရိုက်ခဲ့ပြီး စားသုံးသူတွေကို တောင်းပန်ခဲ့ရပါတယ်။ ဧပြီလမှာ Pham Quang Linh၊ Hang Du Muc တို့ကို ဖမ်းဆီးခဲ့တဲ့အပြင် သူတို့ကုမ္ပဏီနဲ့ ဆေးထုတ်လုပ်တဲ့နေရာက တာဝန်ရှိသူတွေကိုလည်း ဖမ်းဆီးခဲ့ပါတယ်။ ကုန်ပစ္စည်းအတုထုတ်လုပ်တာနဲ့ စားသုံးသူတွေကို လိမ်လည်တာတွေအတွက် တရားစွဲဆိုခံခဲ့ရပါတယ်။

မေလ ၁၉ ရက်နေ့မှာတော့ အလှမယ် Nguyen ကို စားသုံးသူတွေကို လိမ်လည်မှုနဲ့ ဖမ်းဆီးလိုက်တယ်ဆိုတာကို အာဏာပိုင်တွေက ကြေညာခဲ့တာပါ။

ဒီကိစ္စရပ်ကြောင့် ရောင်းချမှု မရပ်ဆိုင်းခင် Fiber Supplement Gummies ဗူးရေ ၁၀၀၀၀၀ ကျော် ရောင်းချခဲ့ပြီးပြီလို့သိရပါတယ်။

Ref: Vietnamese beauty queen arrested for fraud over fiber gummies

WL ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top