ဟောင်ကောင်မှာ Deepfake နည်းပညာသုံးပြီး ဗီဒီယိုအစည်းအဝေးမှတစ်ဆင့် ကန်ဒေါ်လာ ၂၅ သန်း လိမ်လည်မှုဖြစ်ပွား

9.2.24-yyl-5.jpg

ဟောင်ကောင်အခြေစိုက် ကုမ္ပဏီရဲ့ ငွေစာရင်းကိုင် ဝန်ထမ်းတစ်ဦးဟာ deepfake နည်းပညာနဲ့ လှည့်စားခံခဲ့ရပြီး လိမ်လည်သူတွေထံ အမေရိကန်ဒေါ်လာ ၂၅ သန်း လွှဲပြောင်းပေးအပ်မှု ဖြစ်ပွားခဲ့ပါတယ်။ လိမ်လည်သူတွေဟာ ကုမ္ပဏီ ဘဏ္ဍာရေးအရာရှိချုပ် အယောင်ဆောင်ပြီး ကုမ္ပဏီရဲ့ ငွေစာရင်းကိုင် ဝန်ထမ်းတစ်ဦးထံ အီးမေးလ် ပို့ခဲ့ပါတယ်။ အဲဒီအီးမေးလ်ထဲမှာ ဗီဒီယိုအစည်းအဝေး တက်ရမယ်လို့ ရေးသားထားပါတယ်။

လိမ်လည်သူတွေဟာ deepfake နည်းပညာကို အသုံးပြုပြီး ဗီဒီယိုအစည်းအဝေးမှာ ကုမ္ပဏီ ဘဏ္ဍာရေးအရာရှိချုပ်နဲ့ တခြားဝန်ထမ်းတွေရဲ့ မျက်နှာပုံစံအတု၊ အသံအတုတွေ ဖန်တီးခဲ့ပါတယ်။ ဒါပေမဲ့ ငွေစာရင်းကိုင်ဝန်ထမ်းတော့ တကယ့်အစစ်အမှန်လို့ ထင်သွားပြီး လိမ်လည်သူတွေ စေခိုင်းတဲ့အတိုင်း သူတို့ရဲ့ဘဏ်အကောင့်ထဲကို အမေရိကန်ဒေါ်လာ ၂၅.၆ သန်း လွှဲပြောင်းပေးခဲ့တာပါ။

ဒါပေမဲ့ ကုမ္ပဏီရုံးချုပ်နဲ့ ငွေစာရင်း ရှင်းချိန်မှာ ကုမ္ပဏီထိပ်တန်းအရာရှိတွေက ဗီဒီယိုအစည်းအဝေးအကြောင်း မသိကြသလို ငွေလွှဲဖို့ ညွှန်ကြားခဲ့ခြင်း မရှိဘူးဆိုတော့မှ အလိမ်ခံရမှန်း သိခဲ့ကြတာပါ။ ဒီဖြစ်ရပ်ဟာ ဟောင်ကောင်မှာ deepfake နည်းပညာကို အသုံးပြုပြီး ပထမဆုံး လိမ်လည်မှု ဖြစ်တယ်လို့ ဟောင်ကောင်ရဲတပ်ဖွဲ့က ဆိုပါတယ်။

Ref:Corporation Employee Transfers $25 Million to Scammers After Deepfake Video Call with Fake CFO

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top