ခန္ဓာကိုယ်ပြင်ပမှာ သန္ဓေသားလောင်း ကြီးထွားလာနိုင်စေမယ့် သားအိမ်တုကို ဂျပန်သိပ္ပံပညာရှင်တွေ ဖန်တီး

baby.jpg

ဂျပန်နိုင်ငံမှ သိပ္ပံပညာရှင်တွေဟာ ခန္ဓာကိုယ်ပြင်ပမှာ သန္ဓေသားလောင်း ကြီးထွားလာနိုင်စေမယ့် သားအိမ်တုကို ဖန်တီးပြီး ဇီဝနည်းပညာကဏ္ဍမှာ အံ့အားသင့်စရာ မှတ်တိုင်သစ်တစ်ရပ် စိုက်ထူလိုက်ပါပြီ။

သန္ဓေသားလောင်း ကြီးထွားဖွံ့ဖြိုးမှုကို အထောက်အပံ့ဖြစ်စေမယ့် ပတ်ဝန်းကျင်အနေအထား၊ အောက်ဆီဂျင်နဲ့ အာဟာရဓာတ်တွေ ပံ့ပိုးပေးတဲ့ သားအိမ်အစစ်ရဲ့ လုပ်ဆောင်ချက်တွေကို တုပပြီး သားအိမ်အတုကို ဖန်တီးထားတာ ဖြစ်ပါတယ်။

ဒီဖန်တီးမှုဟာ မျိုးပွားမှုဆိုင်ရာ ဆေးဝါး ထုတ်လုပ်မှု၊ လမစေ့ဘဲ မွေးဖွားမှု၊ သိပ္ပံဆိုင်ရာ သုတေသနပြုလုပ်ချက်တွေအတွက် ဖြစ်နိုင်ခြေပေါင်းများစွာ ရှိလာစေခဲ့ပါတယ်။ ဒါပေမဲ့ ဆေးပညာဆိုင်ရာ ကျင့်ဝတ်နဲ့ စည်းမျဉ်းထိန်းသိမ်းရေးပိုင်းမှာလည်း ကိုင်တွယ်ဖြေရှင်းစရာတွေ ရှိနေတယ်ဆိုတဲ့ ဝေဖန်ထောက်ပြမှုတွေလည်း ရှိလာခဲ့ပါတယ်။

Ref: Japan has achieved a groundbreaking milestone in biotechnology by developing the first artificial womb

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top