ဒိန်းမတ်နိုင်ငံ မြောက်ဖျားစွန်းမှာရှိတဲ့ စကာဂျန်မြို့နားမှာတော့ ပေါင်းစပ်မရတဲ့ ပင်လယ် ၂ စင်း ဆုံစည်းကြတာကို မြင်တွေ့ရမှာပါ။ ဘော်တစ်ပင်လယ်နဲ့ မြောက်ပင်လယ်တို့ ဆုံစည်းတဲ့နေရာမှာ ပင်လယ်ရေချင်း ပေါင်းစပ်သွားခြင်းမရှိတာကြောင့် အဟန့်အတားတစ်ခု ရှိနေသလို ၂ ပိုင်းကွဲနေတာကို မြင်တွေ့ရမှာပါ။
ဒီဖြစ်ရပ်ကိုတော့ အငံဓာတ်ချင်းမတူညီလို့ ဖြစ်ပေါ်လာတဲ့အလွှာ(halocline)လို့ ခေါ်ကြပါတယ်။ ရေထုထဲမှာ ပါဝင်တဲ့ အငံဓာတ်နဲ့ သိပ်သည်းဆချင်း မတူညီတာကြောင့် ဖြစ်ပေါ်လာတဲ့ဖြစ်စဉ်တစ်ခုပါ။
ဘော်တစ်ပင်လယ်ရဲ့ ဆားပါဝင်မှုက ၁၀၀၀ အချိုး ၁၀ သာ ရှိပြီး မြောက်ပင်လယ်ရဲ့ ဆားပါဝင်မှုက ၁၀၀၀ အချိုး ၃၅ အထိ ရှိနေတာဖြစ်ပါတယ်။ ပင်လယ် ၂ စင်း ဆုံစည်းပေမဲ့ ခြားနားနေတဲ့ဖြစ်စဉ်ကို အာကာသထဲကနေတောင် လှမ်းမြင်တွေ့နိုင်ပြီး ဒီဖြစ်ရပ်ဟာ ပင်လယ် သမုဒ္ဒရာတွေအပေါ် လူသားတွေရဲ့ နားလည်မှုကို စိန်ခေါ်နေတဲ့ ဖြစ်စဉ်တစ်ခုလို့လည်း ဆိုနိုင်ပါတယ်။
Ref: The striking boundary between the Baltic Sea and the North Sea
NZ ( ရိုးရာလေး)

