ရုပ်ရှင်ကားအသစ်အတွက် စင်ကာပူကို လာရောက်မယ့် နာမည်ကြီးကိုရီးယားမင်းသား ၂ ဦး

korean.png

န်မာပရိသတ်တွေရဲ့ ချစ်ခင်နှစ်ခြိုက်မှုကို ရရှိထားတဲ့ နာမည်ကြီးတောင်ကိုရီးယားမင်းသားတွေဖြစ်တဲ့ လီမင်ဟိုနဲ့ အန်းဟိုဆော့တိုဟာ မကြာခင် စင်ကာပူနိုင်ငံကို လာရောက်မယ်လို သိရပါတယ်။ ဒါရိုက်တာ ကင်ဗြောင်ဝူနဲ့အတူ ဇူလိုင်လ ၂၉ ရက်နေ့မှာ စိတ်ကူးယဉ်အက်ရှင်သည်းထိပ်ရင်ဖိုရုပ်ရှင်ဇာတ်ကားသစ် “Omniscient Reader: The Prophecy” အတွက် စင်ကာပူမှာရှိနေမှာဖြစ်ပါတယ်။ 

လီမင်ဟိုတို စင်ကာပူကို အလည်လာမယ့် အသေးစိတ်အချက်အလက်ကိုတော့ လာရောက်မယ့်နေ့မတိုင်ခင်မှာ ကြေညာသွားမှာဖြစ်ပါတယ်။ “Omniscient Reader: The Prophecy”  ရုပ်ရှင်ကားအသစ်ဟာဆိုရင် နာမည်ကြီးအွန်လိုင်းဝတ္ထုနဲ့အွန်လိုင်း WEBTOON ဖြစ်တဲ့ “Omniscient Reader’s Viewpoint” အပေါ် အခြေခံရိုက်ကူးထားတာပါ။ ဒီရုပ်ရှင်ကားမှာ မင်းသမီးချယ်ဆိုးဘင်၊ မင်းသား ရှင်းဆောင်ဟို၊ After School အဖွဲဝင် နာနာနဲ့ BlackPink အဖွဲဝင် ဂျီဆိုးတိုပါဝင်ထားပါသေးတယ်။ 

Ref: Korean actors Ahn Hyo Seop & Lee Min Ho coming to S’pore on July 29

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top