လမ်းလျှောက်နိုင်စွမ်းမဆုံးရှုံးခင် လန်ဒန်မြေအောက်ရထားဘူတာ ၂၇၂ ခုလုံးကို သွားရောက်ခဲ့သူ

17.2.2023-image-11.jpg

မြေအောက်ရထားအသုံးပြုရတာနှစ်သက်တဲ့သူတစ်ဦးဟာ လန်ဒန်မြေအောက်ရထားဘူတာတိုင်း သွားရောက်လည်ပတ်တဲ့စိန်ခေါ်မှုတစ်ခု ပြီးမြောက်ခဲ့ပါတယ်။ သူက အသက် ၄၉ နှစ်အရွယ် ဘန်စပန်ဆာဆိုသူဖြစ်ပြီး လှုပ်ရှားမှု၊ ဟန်ချက်ညီမှုနဲ့ စကားပြောဆိုမှုတွေကို ထိခိုက်စေတဲ့ Ataxia ရောဂါရှိပါတယ်။

ဒီရောဂါရှိတယ်ဆိုတာကို ပြီးခဲ့တဲ့နှစ်နွေရာသီမှာ သိခဲ့ရပြီး တစ်နှစ်လောက်နေရင် လမ်းလုံးဝလျှောက်လို့ရတော့မှာမဟုတ်ပါဘူး။ အင်္ဂလန်အရှေ့ပိုင်း၊ Essex ကောင်တီမှာ နေထိုင်တဲ့ ဘန်က လမ်းလျှောက်နိုင်စွမ်းရှိနေသေးစဉ်မှာ တစ်ခုခုလုပ်ပြီး ဒီရောဂါနဲ့ပတ်သက်ပြီး အသိပညာတွေ ဖြန့်ဝေချင်တာကြောင့် လန်ဒန်မြေအောက်ရထားဘူတာ ၂၇၂ ခုလုံးကို သွားရောက်တဲ့ပျော်စရာစိန်ခေါ်မှုကို လုပ်ဖို့ ဆုံးဖြတ်ဖြစ်ခဲ့တာပါ။

ဒီစိန်ခေါ်မှုကို ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာ အောင်မြင်စွာပြီးမြောက်ခဲ့ပါတယ်။ လမ်းလျှောက်ရင် တုတ်နှစ်ချောင်းအသုံးပြုရတဲ့ ဘန်က ဒီဟာပြီးမြောက်ဖို့အတွက် ၅ လ အချိန်ယူခဲ့ရပြီး ရောက်တဲ့ရထားဘူတာတိုင်းမှာ ဓာတ်ပုံတွေ ရိုက်ခဲ့ပါတယ်။ အရင်ကတည်းက ဘန်ဟာ လန်ဒန်ရဲ့အထင်ကရအစိတ်အပိုင်းတစ်ခုဖြစ်တဲ့ မြေအောက်ရထားအသုံးပြုရတာကြိုက်တယ်လို့ သူက ဆိုပါတယ်။

သူ့ရဲ့အခုလိုစိန်ခေါ်မှုက Ataxia UK နဲ့ Ataxia and Me ပရဟိတအဖွဲ့အစည်းတွေဆီက အားပေးပံ့ပိုးမှုရရှိခဲ့ပါတယ်။ ဘန်ရဲ့အဓိကရည်ရွယ်ချက်က Ataxia ရောဂါအကြောင်း အသိပညာတွေ ဖြန့်ဝေပေးဖို့ပါပဲ။

ဘန်က Ataxia ရောဂါရှိတယ်ဆိုတာမသိခင် ၁၀ နှစ်ကျော်ကြာ သူ့ရဲ့စကားပြောဆိုမှုနဲ့လှုပ်ရှားသွားလာမှုဆိုင်ရာအခက်အခဲတွေရှိနေခဲ့တာပါ။ အဲဒီလိုဖြစ်တာက ဒီရောဂါကြောင့်ဖြစ်မှန်းမသိခဲ့ပါဘူး။ အရင်က ဒီရောဂါအကြောင်း သူတစ်ခါမှမကြားခဲ့ဖူးဘူး။ ဒီရောဂါက သူ့ကို အထီးကျန်သွားစေခဲ့တယ်လို့ ဆိုပါတယ်။

Ref: Metro “Tube fan visits all 272 Underground stations before he loses ability to walk

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top