ဂျပန်သိပ္ပံပညာရှင်တွေက တိုက်တေနီယမ်ဆိုလာပြားတွေ တီထွင်ဖန်တီး

solar.jpg

ဂျပန်နိုင်ငံ တိုကျိုတက္ကသိုလ်မှ သုတေသီတွေဟာ ဆိုလာစွမ်းအင်ကဏ္ဍကို အကြီးအကျယ် တိုးတက်ပြောင်းလဲစေမယ့် ဖန်တီးမှုတစ်ခု လုပ်ခဲ့ကြပါတယ်။ တိုက်တေနီယမ်ဒိုင်အောက်ဆိုက်နဲ့ ဆီလီနီယမ်ကို ပေါင်းစပ်ထားတဲ့ ဆိုလာပြားတွေကို ဖန်တီးခဲ့ကြတာပါ။

အဲဒီဆိုလာပြားတွေဟာ နေရောင်ကို လျှပ်စစ်စွမ်းအင်အဖြစ် ပြောင်းလဲရာမှာ သိသိသာသာ တိုးတက်စေပြီး သမားရိုးကျ ဆိုလာပြားတွေထက် အဆ ၁၀၀၀ ပိုအားကောင်းတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် တောင့်တင်းခိုင်ခံ့မှု၊ တိုက်စားခံနိုင်မှု၊ ဈေးသက်သက်သာသာနဲ့ ပေါပေါများများ ထုတ်လုပ်နိုင်မှု စတဲ့အပိုင်းတွေမှာလည်း အားသာချက်ရှိပါတယ်။

ဒီနည်းပညာကြောင့် ဆိုလာစွမ်းအင်ကဏ္ဍမှာ လက်ရှိအသုံးပြုနေကျ ဆိုလာပြားတွေထက် ပိုမိုသေးငယ်၊ ပေါ့ပါးပြီး အားကောင်းတဲ့ ဆိုလာပြား ပုံစံသစ်တွေ ထွက်ပေါ်လာဖို့ ရှိနေပါတယ်။

Ref: First-ever titanium solar panel makes history

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top