၂၀၂၁ ခုနှစ် မေလ ၆ ရက်က အိန္ဒိယနိုင်ငံ တမီလ်နာဒူပြည်နယ်မှာ ငှက်ပျောခင်းထဲကို ဆင်တစ်အုပ် ဝင်စားလို့ ငှက်ပျောပင် ၃၀၀ ကျော် လဲပြိုကျသွားခဲ့တယ်။ ဒါပေမဲ့ ထူးထူးခြားခြားပဲ ငှက်ပျောပင်တစ်ပင်ကတော့ အကောင်းပကတိအတိုင်း ကျန်နေခဲ့တယ်။
ငှက်ပျောခင်းပိုင်ရှင်က ဒီငှက်ပျောပင်ကို သွားကြည့်လိုက်တော့ ငှက်ပျောပင်ပေါ်မှာ မွေးကင်းစ စာကလေးတွေ ရှိနေတဲ့ စာကလေးသိုက် တစ်ခုကို တွေ့လိုက်ရတာကြောင့် အံ့အားသင့်သွားခဲ့တယ်။ ဒီဖြစ်ရပ်ကလည်း လူမှုကွန်ရက်ပေါ်မှာ လူပြောများတဲ့ အကြောင်းအရာတစ်ခု ဖြစ်ခဲ့ပါတယ်။

ဆင်တွေဟာ အသိဉာဏ် အလွန်မြင့်မားတဲ့ တိရစ္ဆာန်လို့ ဆိုစမှတ်ပြုကြတယ်။ ဒီဖြစ်ရပ်ကတော့ ဆင်တွေရဲ့ သနားကြင်နာတတ်မှုကိုပါ မီးမောင်းထိုးပြနေတယ်လို့ ဆိုရမှာပါပဲ။ ဆင်တွေရဲ့ သိမ်မွေ့မှု၊ နားလည်ရခက်တဲ့ အပြုအမူတွေအကြောင်းတွေကို ဝေဖန်ဆွေးနွေးခဲ့ကြတဲ့ ဖြစ်ရပ်တစ်ခုပါပဲ။
Ref: Wild elephants rampage banana plantation, leave a tree with bird’s nest unbroken
NZ ( ရိုးရာလေး)