အင်ဒိုနီးရှားသမ္မတရဲ့အချစ်တော်ကြောင်လေး ဘော်ဘီ

bobby.jpg

အညိုအနက်အဖြူစပ်ကြောင်လေးကတော့ အင်ဒိုနီးရှားသမ္မတ ပရာဘိုဝီ ဆူဘီယမ်တိုရဲ့ အချစ်တော်အိမ်မွေးတိရစ္ဆာန်လေးပါ။ ကြောင်လေးနာမည်က ဘော်ဘီ ကာတာနီဂါရာပါ။ သမ္မတ ပရာဘိုဝီဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၂၀ မှာ အင်ဒိုနီးရှားနိုင်ငံရဲ့ ၈ ယောက်မြောက်သမ္မတဖြစ်လာပြီးတဲ့နောက်မှာ ဘော်ဘီဟာလည်း သမ္မတအိမ်တော်ကို ပြောင်းရွှေ့နေထိုင်ခဲ့ရပါတယ်။ 


ဘော်ဘီကို ချစ်ခင်ကြတဲ့သူများပြီး ဆယ်လီကြောင်လေးလို့ဆိုရမှာပါ။ သူ့အတွက် ဖွင့်ပေးထားတဲ့ အင်စတာဂရမ်အကောင့်ဟာဆိုရင် ဖော်လိုဝါ ၉ သိန်းကျော်ရှိပါတယ်။ သမ္မတက သူ့ကို ကြောင်တွန်းလှည်းလေးထဲထည့်ပြီး ပွဲအခမ်းအနားတွေဆီလည်း ခေါ်လေ့ရှိပါတယ်။ ကြောင်တွန်းလှည်းလေးက တရုတ်အမှတ်တံဆိပ် Uppapets အမျိုးအစားဖြစ်ပြီး စင်ကာပူဒေါ်လာ ၅၂၅ ရှိတယ်လို့ သိရပါတယ်။ 

ဘော်ဘီဟာ လေလွင့်ကြောင်လေးဖြစ်ပြီး သမ္မတက ၂၀၁၇ ခုနှစ်မှာ ကယ်တင်ကာ မွေးထားခဲ့တာပါ။ Gerindra party meeting တစ်ခုမှာ ကြောင်လေးကို ပရာဘိုဝီ အစာကြွေးနေတာမြင်ပြီးနောက် ၁ နှစ်အကြာမှာ ဘော်ဘီလေးက နာမည်ကြီးလာခဲ့တာပါ။

ဘော်ဘီတစ်ကောင်တည်းတင် သမ္မတ ပရာဘိုဝီရဲ့ အိမ်မွေးတိရစ္ဆာန်မဟုတ်ပါဘူး။ ၂၀၂၁ ခုနှစ်မှာ နောက်ထပ် ကြောင် ၃ ကောင်ကို မွေးခဲ့ပါသေးတယ်။ အဲ့ဒီကြောင် ၃ ကောင်ကိုလည်း သမ္မတအိမ်တော်ကို ခေါ်လာခဲ့လား မခေါ်လာခဲ့လားဆိုတာကတော့ မသိရပါဘူး။ 


Ref: Indonesia’s ‘first cat’ Bobby Kertanegara moves to presidential palace

WL ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top