Captain America လက်ထပ်လိုက်ပြီ

11.9.23-yyl-11.jpg

Captain America အဖြစ် လူသိများတဲ့ အသက် ၄၂ နှစ်အရွယ် မင်းသား ခရစ်အီဗန်က အသက် ၂၆ နှစ်အရွယ် သူ့ချစ်သူကောင်မလေး မင်းသမီးအယ်လ်ဘာ ဘာတီစတာနဲ့ စက်တင်ဘာ ၉ ရက်နေ့က သူတို့ရဲ့နေအိမ်မှာ လက်ထပ်လိုက်ပါပြီ။

လက်ထပ်ပွဲကို သူတို့ရဲ့အရင်းနှီးဆုံးမိသားစုနဲ့ သူငယ်ချင်းမိတ်ဆွေတွေကိုပဲ ဖိတ်ကြားခဲ့တာပါ။ ခရစ်ရဲ့Avengers တွဲဖက်သရုပ်ဆောင်တွေဖြစ်တဲ့ ရောဘတ် ဒေါင်းနီ ဂျူနီယာ၊ ခရစ်ဟမ်းစ်ဝါ့သ်၊ ဂျရမီရန်နာတို့လည်း တက်ရောက်ခဲ့ပါတယ်။ ဘယ်မီဒီယာကိုမှ မဖိတ်ဘဲ သိုသိုသိပ်သိပ်ကျင်းပခဲ့တာပါ။ တက်ရောက်လာတဲ့ဧည့်သည်တွေကိုလည်း ဒီမင်္ဂလာပွဲနဲ့ပတ်သက်ပြီး အပြင်မပေါက်ကြားစေဖို့ သဘောတူညီချက်ယူခဲ့ပါတယ်။ သူတို့ရဲ့ဖုန်းတွေကိုလည်း သိမ်းဆည်းထားခဲ့ပါတယ်။

ခရစ်နဲ့အယ်လ်ဘာတို့က သူတို့ရဲ့မင်္ဂလာပွဲနဲ့ပတ်သက်ပြီး နှုတ်ဆိတ်နေဆဲပါပဲ။ ခရစ်နဲ့အယ်လ်ဘာတို့က ၁ နှစ်ကျော်ကြာ ချစ်သူတွေဖြစ်ခဲ့ကြတာလို့ သိရပါတယ်။

Ref: Chris Evans marries Alba Baptist‌a

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top