နယူးဇီလန်မှာ ခရီးသွားတွေရဲ့ လပ်တော့ပ်၊ မိုလ်ဘိုင်းဖုန်း လျို့ဝှက်နံပတ်တွေကို အကောက်ခွန် တာဝန်ရှိသူတွေဆီ ပေးရမယ့် ဥပဒေပြဌာန်း

43129099_2040743502648446_5233618474256826368_n.jpg

နယူးဇီလန်မှာ အသစ်ပြဌာန်းလိုက်တဲ့ဥပဒေအရ နယူးဇီလန်နိုင်ငံကို သွားရောက်ချိန်မှာ ခရီးသွားတွေဟာ အကောက်ခွန် တာဝန်ရှိသူတွေကို ဒစ်ဂျစ်တယ်ပစ္စည်းနဲ့ ပတ်သက်တဲ့ လျို့ဝှက်နံပတ် အချက်လက်တွေ ပေးရမယ်လို့ သိရပါတယ်။

အကောက်ခွန်အာဏာပိုင်တွေက ဒစ်ဂျစ်တယ်ပစ္စည်းတွေကို ရှာဖွေချိန်မှာ လပ်တော့ပ်၊ မိုလ်ဘိုင်းဖုန်းနဲ့ ပတ်သက်တဲ့ လျို့ဝှက်နံပတ်တွေကို ပေးရမှာဖြစ်ပြီး မပေးနိုင်ဘူးဆိုရင် အမေရိကန်ဒေါ်လာ ၅၀၀၀ ဒဏ်ရိုက်ခံရမယ်လို့ ဥပဒေသစ်မှာ ပြဌာန်းထားပါတယ်။

နယူးဇီလန်နိုင်ငံမှာ အရင်က ခရီးသွားတွေရဲ့ ဒစ်ဂျစ်တယ်ပစ္စည်းတွေကို ကြည့်ဖို့ တောင်းဆိုခွင့် ပေးထားပေမယ့် လျို့ဝှက်နံပတ်တွေကို တောင်းဆိုတာမျိုးကို ခွင့်မပြုခဲ့ပါဘူး။ လူအခွင့်အရေးအဖွဲ့တွေကတော့ ဥပဒေသစ်ဟာ ကိုယ်ပိုင်အခွင့်ရေးကိုချိုးဖောက်တာဖြစ်ကြောင်း ဝေဖန်နေကြပြီး ဥပဒေသစ် ပြောင်းလဲမှုကို ပြစ်တင်လျက် ရှိနေပါတယ်။

နယူးဇီလန်နိုင်ငံမှာ အကောက်ခွန် ဥပဒေသစ်ဟာ တနင်္လာနေ့က စတင်အသက်ဝင်ခဲ့တာဖြစ်ပြီး ဥပဒေသစ်အရ အကောက်ခွန်ဌာနအရာရှိတွေဟာ ခရီးသွားတွေရဲ့ ဒစ်ဂျစ်တယ်ပစ္စည်းကို ရှာဖွေဖို့ လျို့ဝှက်နံပတ်၊ ပင်ကုဒ်နဲ့ လက်ဗွေရာတို့ကို မေးမြန်းနိုင်ခွင့် ရရှိသွားခဲ့ပါတယ်။ အကောက်ခွန် အရာရှိတစ်ဦးဖြစ်သူ ဘရောင်းက အကောက်ခွန် အရာတွေရှိဟာ အမှားယွင်း တစ်စုံတစ်ခုလုပ်မယ်လို့ သံသယရှိ ယုံကြည်ရချိန်တိုင်းမှာ ခရီးသွားတွေရဲ့ ဒစ်ဂျစ်တယ်ပစ္စည်းတွေကို ရှာဖွေဖို့ လျို့ဝှက်နံပတ်တွေကို တောင်းဆိုသွားမှာဖြစ်တယ်လို့ ပြောပါတယ်။

Ref: dailymail “Travellers face ‘digital strip-searches’ of their phones and laptops or face a $5,000 fine under new laws in New Zealand”

Kaung Htet Ngwe ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top