ဗြိတိန်နိုင်ငံ သဘာဝသမိုင်းပြတိုက်က ကျင်းပတဲ့ နှစ်စဉ်ဓာတ်ပုံပြိုင်ပွဲမှာ ဗြိတိန်နိုင်ငံမှ အပျော်တမ်းဓာတ်ပုံဆရာက တစ်နှစ်တာအကောင်းဆုံး သားရဲတိရစ္ဆာန်ဓာတ်ပုံဆု ဆွတ်ခူးသွားခဲ့ပါတယ်။
နော်ဝေနိုင်ငံ ဆယ်ဘတ်ကျွန်းပေါ်မှ ရေခဲတုံးကြီးတစ်တုံးပေါ်မှာ အိပ်ပျော်နေတဲ့ ပိုလာဝက်ဝံတစ်ကောင်ကို နီမာဆာရီခါနီက ဓာတ်ပုံရိုက်ခဲ့တာပါ။ ရေခဲအိပ်ယာလို့ အမည်ပေးထားတဲ့ ဒီဓာတ်ပုံဟာ ပရိသတ်တွေ ရွေးချယ်ပေးတဲ့ အကောင်းဆုံးဓာတ်ပုံဆု ဆွတ်ခူးခဲ့တာ ဖြစ်ပါတယ်။
တစ်နှစ်တာအကောင်းဆုံး သားရဲတိရစ္ဆာန်ဓာတ်ပုံဆုအတွက် ကမ္ဘာတစ်ဝန်းမှ ပြိုင်ပွဲဝင်သူ ၅၀၀၀၀ ရှိခဲ့ပါတယ်။
Ref: Wildlife Photographer Of The Year has been won by amateur photographer
NZ ( ရိုးရာလေး)

