တစ်နေ့ ခြေလှမ်း ၅၀၀၀ ဝန်းကျင် လျှောက်ရုံဖြင့် ကျန်းမာရေးအကျိုးကျေးဇူး သိသိသာသာ ခံစားရနိုင်

9.8.23-yyl-၂၄.jpg

ကျန်းမာသန်စွမ်းနေအောင် တစ်နေ့ ခြေလှမ်း ၁၀၀၀၀ လျှောက်ပါလို့ ဆိုကြလေ့ရှိပါတယ်။ ဒါပေမဲ့ လေ့လာမှုသစ်တစ်ရပ်အရ တစ်နေ့ကို ခြေလှမ်း ၅၀၀၀ လောက် လျှောက်ရင်လည်း ကျန်းမာရေး အကျိုးကျေးဇူး သိသိသာသာ ခံစားရတယ်လို့ ဖော်ပြထားပါတယ်။ ကမ္ဘာတစ်ဝန်းက လူ ၂၂၆၀၀၀ ကျော်ကို လေ့လာဆန်းစစ်မှုအရ တစ်နေ့ ခြေလှမ်း ၄၀၀၀ လျှောက်ရင် အရွယ်မတိုင်ခင်( ရောဂါတစ်ခုခုကြောင့်) သေဆုံးနိုင်ခြေကို လျှော့ချပေးနိုင်တာ တွေ့ရပါတယ်။

တစ်နေ့ ခြေလှမ်း ၂၃၀၀ ကျော် လျှောက်ရုံနဲ့ နှလုံးနဲ့ သွေးကြောတွေကို ကောင်းမွန်စေပါတယ်။ လမ်းများများ လျှောက်လေလေ ကျန်းမာရေးအကျိုးကျေးဇူး ပိုရလေလေဖြစ်တယ်လို့ သုတေသီတွေက ဆိုပါတယ်။ တစ်နေ့ ခြေလှမ်း ၄၀၀၀ လျှောက်သူဟာ နောက်ထပ် ခြေလှမ်း ၁၀၀၀ ပိုလျှောက်လေလေ အရွယ်မတိုင်ခင် သေဆုံးနိုင်ခြေကို ၁၅ ရာခိုင်နှုန်း လျှော့ချနိုင်လေလေ ဖြစ်ပါတယ်။

ပိုလန်နိုင်ငံ လော့ဇ်ဆေးတက္ကသိုလ်နဲ့ အမေရိကန်နိုင်ငံ ဂျွန်ဟော့ကင်းဆေးတက္ကသိုလ်မှ သုတေသနအဖွဲ့ရဲ့ တွေ့ရှိချက်အရ လမ်းလျှောက်ခြင်းဟာ အသက်အရွယ်မရွေး၊ ကျားမမရွေး၊ တည်နေရာမရွေး ကျန်းမာရေး အကျိုးကျေးဇူးရှိစေတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ အသက် ၆၀ မပြည့်သေးသူတွေအတွက် အကျိုးကျေးဇူးအများဆုံး ဖြစ်တာ တွေ့ရပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် (WHO) ရဲ့ ကိန်းဂဏန်းအချက်အလက်တွေအရ နှစ်စဉ်နှစ်တိုင်း ကိုယ်လက်လှုပ်ရှားမှု နည်းပါးလို့ သေဆုံးသူ ၃.၂ သန်းအထိ ရှိနေပြီး ကမ္ဘာတစ်ဝန်းမှာ စတုတ္ထမြောက် လူသေဆုံးမှုအများဆုံး အကြောင်းရင်းတစ်ရပ်အဖြစ် ရှိနေတယ်လို့ ဖော်ပြထားပါတယ်။

Ref: Fitness: Only 5,000 steps a day needed to stay healthy, study shows

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top