၆ နှစ်ကြာ ခွဲခွာနေခဲ့ရတဲ့ ခွေးလေးနဲ့ ပြန်ဆုံစည်းခဲ့ရတဲ့ မိသားစု

famil.png

ဖလော်ရီဒါပြည်နယ်က လီဆာ နီကိုးလ်ဆန်တို့မိသားစုဟာ သူတို့ရဲ့ချစ်လှစွာသောခွေးလေးနဲ့ ၆ နှစ်ကြာ ခွဲခွာနေခဲ့ရာမှ အခုအပတ်ထဲမှာ ပြန်လည်ဆုံစည်းခဲ့ရပါပြီ။ လီဆာက သူ့ခင်ပွန်း၊ သမီးလေးနှစ်ယောက်နဲ့အတူ သူတို့ရဲ့ခွေးလေး ဂျာမန်သိုးထိန်းခွေးအမျိုးအစား Bella နဲ့ တွေ့ခွင့်ရဖို့ မိုင် ၂၀၀ ကျော်ကို သွားခဲ့ရပါတယ်။ 


Bella မှာ တပ်ထားတဲ့ Microchip ကြောင့် ရဲတွေက သူတို့မိသားစုရဲ့အချက်အလက်ကို သိပြီး အဆက်အသွယ်လုပ်နိုင်ခဲ့တာပါ။ Bella ကို Fort Lauderdale Fir Rescue မီးသတ်သမားတွေက ဩဂုတ်လ ၅ ရက်နေ့မှာ တွေ့ရှိခဲ့တာပါ။ သူတို့တွေက ခွေးလေးတစ်ကောင်ယောင်လည်လည်ဖြစ်ပြီး တူးမြောင်းထဲကနေ ထွက်လာလို့မရဘူးဆိုတာကို ဖုန်းလက်ခံရရှိခဲ့တာပါ။ 

အဲ့ဒီနေရာကို သွားတော့ Bella ကို တွေ့ခဲ့ရပြီး မီးသတ်ဌာနကို ခေါ်လာခဲ့ပါတယ်။ Bella မှာ တပ်ထားတဲ့ Microchip ကြောင့် ၂၀၁၈ ခုနှစ်က Broward County Animal Care ကနေ မွေးစားခံခဲ့ရတာကို သိခဲ့ရပါတယ်။ နောက်တော့ ပိုင်ရှင်တွေကို ခြေရာခံမိခဲ့ပါတယ်။ 


လွန်ခဲ့တဲ့ ၆ နှစ်က လီဆာတို့မိသားစုဟာ Bella ကို မွေးစားပြီးလအနည်းငယ်အကြာမှာ သူတို့ရဲ့အိမ်မီးလောင်တော့ သူငယ်ချင်းဖြစ်သူဆီ Bella ကို ပေးလိုက်တာပါ။ မီးလောင်ခဲ့ရတာကြောင့် ဟိုတယ်မှာ ၃ လလောက်နေရမှာဖြစ်တဲ့အတွက် အဲ့ဒီကာလအတွင်း Bella ကို သူငယ်ချင်းဆီမှာ နေစေဖို့ ဆုံးဖြတ်ခဲ့တာပါ။ 

နောက်တော့ သူငယ်ချင်းဖြစ်သူက Bella ကို အခြားသူကို ပေးလိုက်ပြီးဆိုတာကို သိခဲ့ရပြီး Bella နဲ့ အဆက်အသွယ်ပျက်သွားခဲ့ရတာပါ။ အခုအပတ်ထဲမှာတော့ လီဆာရဲ့သမီးဖြစ်သူ လေဘာတီက Bella ကို အိပ်မက်မက်ခဲ့ပါတယ်။ အိပ်မက်မက်ပြီး မကြာခင်မှာပဲ Fort Lauderdale Police ကနေ Bella အကြောင်း ဖုန်းလက်ခံရရှိခဲ့တာပါပဲ။ 


အခုတော့ လီဆာက Bella ကို ချိုမြိန်ကောင်းမွန်တဲ့ကမ္ဘာလေးပေးဖို့ မျှော်လင့်ထားပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် ခွေးလေးတွေကို ပြန်မခေါ်နိုင်တဲ့ လူတွေအပေါ် အပြစ်မတင်ဘဲ နားလည်ပေးဖို့ကိုလည်း လီဆာက ပြောထားပါတယ်။ 

Ref: Family reunited with beloved dog after 6 years apart

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top