တစ်ညမှာ အနည်းဆုံး ၉ နာရီကြာ အိပ်စက်တဲ့ ကလေးငယ်တွေက အာရုံစူးစိုက်နိုင်စွမ်းနဲ့ စိတ်ထိန်းချုပ်မှု ပိုကောင်းတယ်လို့ သုတေသီတွေက လေ့လာတွေ့ရှိခဲ့ပါတယ်။ ကောင်းမွန်စွာ အိပ်စက်ခွင့်ရခြင်းက ကလေးငယ်တွေရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုအတွက် အကျိုးကျေးဇူးတွေ သိသိသာသာ ရစေတယ်လို့ လေ့လာမှုမှာ တွေ့ရှိခဲ့ပါတယ်။
ကောင်းမွန်စွာ အိပ်စက်ခွင့်ရခြင်းဟာ မှတ်ဉာဏ်ပိုင်း၊ စိတ်ခံစားချက် ထိန်းချုပ်မှုပိုင်းနဲ့သက်ဆိုင်တဲ့ ဦးနှောက်ရဲ့နေရာတွေကို အထောက်အပံ့ဖြစ်စေပြီး စိတ်ဖိစီးမှုတွေကို ဖြေရှင်းမှု၊ အာရုံစူးစိုက်မှု၊ ပြုမူဆောင်ရွက်မှုပိုင်းတွေမှာ အားသာချက် ရှိစေပါတယ်။
အသက် ၆ နှစ်မှ ၁၂ နှစ်ကြား ကလေးတွေဟာ တစ်ညကို ၉ နာရီကနေ ၁၂ နာရီကြား အိပ်စက်သင့်တယ်ဆိုတဲ့ ကာလရှည် လက်ခံထားကြတဲ့ လမ်းညွှန်ချက်ကလည်း အခုတွေ့ရှိမှုနဲ့ ကိုက်ညီနေတာ တွေ့ရပါတယ်။
Ref: Kids who sleep at least 9 hours a night have better focus and emotional control.
NZ (ရိုးရာလေး)

