ကိုရီးယားကြက်အူချောင်းကြော် လုပ်စားကြမယ်

easy-homemade-mini-corn-dogs-recipe.jpg

ကိုရီးယားလမ်းဘေးမုန့်ဆိုင်တွေမှာတွေ့ရများတဲ့ သွားရည်စာတစ်မျိုးကိုပြောပါဆိုရင် ကြက်အူချောင်း ပေါင်မုန့်ကြွပ်ကပ်ကြော် (corn dog) လို့ပဲ ဖြေရမှာပါ။ ကိုရီးယားမှာ လူကြိုက်များတဲ့အစားအစာတစ်မျိုးလည်း ဖြစ်ပါတယ်။ ဒါကြောင့် ဒီပိတ်ရက် အိမ်မှာ မိသားစုနဲ့ လုပ်စားကြည့်နိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းတွေကတော့ – ကြက်အူချောင်း (sausages) (၁) ထုပ်၊ ဂျုံမှုန့် (၁) ခွက်၊ ပြောင်းဖူးမှုန့် (၁) ခွက်၊ ဆားသကြားမုန့်ဖုတ်ဆိုဒါ စားပွဲတင်ဇွန်း (၁) ဇွန်း၊ ကြက်ဥ (၁) လုံး၊ နွားနို့ (၁) ခွက်၊ ဆီပေါင်မုန့်ကြွပ်မှုန့်နဲ့ ဝါးတူချောင်းတို့ပဲ ဖြစ်ပါတယ်။

ပြုလုပ်နည်းအဆင့်ဆင့်ကို ကြည့်ရအောင်။

၁။ ပန်းကန်လုံးတစ်လုံးထဲမှာ ပြောင်းဖူးမှုန့်၊ ဂျုံမှုန့် ၊ဆား၊ သကြားနဲ့ မုန့်ဖုတ်ဆော်ဒါတို့ကို ရောပါ။ ကြက်ဥနဲ့ နွားနို့ရောထည့်ပြီး မွှေပါ။ မုန့်နှစ်တွေကို ဖန်ခွက်ရှည်တစ်ခုထဲမှာ ထည့်ပါ။

၂။ အကြော်အိုးကို ဆီပူပေးထားပါ။ ကြက်အူချောင်းကို တစ်ဝက်စီဖြတ်ပြီး ဝါးတူထိုးပါ။ ကြက်အူချောင်းတစ်ချောင်းစီကို မုန့်နှစ်ထဲထည့်စိမ်ပါ။ ပေါင်မုန့်ကြွပ်မှုန့်ထဲ ထည့်ပြီးကပ်ပါ။

၃။ ကြက်အူချောင်းအချောင်းလိုက်ကို ဆီပူထဲ နှစ်မိနစ်လောက် ရွှေရောင်သန်းလာအောင်ထည့်ကြော်ပါ။ အနေတော်ဖြစ်တဲ့အခါဆယ်ယူပြီး ဆီစစ်စက္ကူနဲ့စစ်ထားပါ။

အခုဆိုရင်တော့ အရသာမွှေးပြီး အပြင်ဘက်မုန့်အကာသားကို ကြွပ်ကြွပ်လေးဖြစ်အောင်ကြော်ထားတဲ့ corn dog ရပါပြီ။ ခရမ်းချဉ်သီးဆော့စ် (Ketchup) နဲ့ တွဲဖက်ပြီးစားသုံးနိုင်ပါတယ်။

Alice May (ရိုးရာလေး)

 

 

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top