ထရာဗစ်ကယ်လ်စီက တေလာဆွစ်ဖ်ကို ဒေါ်လာ ၅၅၀၀၀၀ (စင်ကာပူဒေါ်လာ ၇၀၈၆၂၀) တန်ဖိုးရှိတဲ့ လက်စွပ်နဲ့ လက်ထပ်ခွင့်တောင်းခဲ့တာပါ။ သူတို့ စေ့စပ်လိုက်ပြီဆိုတာကို ဩဂုတ်လ ၂၆ ရက်နေ့က အင်စတာဂရမ်ပို့စ်နဲ့ အသိပေးခဲ့တာလည်း ပရိသတ်တွေ အသိပါပဲ။
တေလာဆွစ်ဖ်ရဲ့စေ့စပ်လက်စွပ်က ခန့်မှန်းခြေအားဖြင့် ၈ ကာရက်ရှိပြီး သူ ကြိုက်နှစ်သက်မယ့် ဒီဇိုင်းမျိုးကို ထရာဗစ်က ရွေးချယ်ခဲ့တာလို့ သိရပါတယ်။ ထရာဗစ်က မယုံနိုင်လောက်အောင် တွေးခေါ်တတ်သူဖြစ်တယ်။ သူ လိုချင်တာကို ရှင်းရှင်းလင်းလင်းသိတယ်။ လက်စွပ်တစ်ခုလုံးနီးပါးကို သူ စိတ်ကြိုက်ပုံစံဖန်တီးခဲ့တယ်။ တေလာအကြောင်း ကောင်းကောင်းသိပြီး တေလာ ရှေးဆန်တာ၊ ဂန္တဝင်ဆန်တာ ကြိုက်တယ်ဆိုတာ သိတယ်လို့ အတွင်းသတင်းတွေက ဆိုထားပါတယ်။
ဒီစေ့စပ်လက်စွပ်ကို Artifex Fine Jewelry က Kindred Lubbock က ဒီဇိုင်းထုတ်ခဲ့တာပါ။ ၈ ကာရက်ရှိတဲ့စိန်ကို ရှေးဟောင်းပုံစံနဲ့ လိုက်ဖက်အောင် ပြုလုပ်ထားတာပါ။ လက်စွပ်ကို 18k အဝါရောင်ရွှေနဲ့ ပြုလုပ်ထားပြီး လက်စွပ်ကွင်းပတ်ပတ်လည်မှာ စိန်ပွင့်သေးသေးလေးတွေနဲ့အတူ လက်ရေးထွင်းလက်ရာပုံစံဒီဇိုင်းထွင်ထားတယ်လို့ သိရပါတယ်။
Ref: Taylor Swift’s eight-carat diamond engagement ring cost more than $708k
WL (ရိုးရာလေး)

