(၁) လအကြာမှ ဆရာဝန်နဲ့အတူ နေဝင်ချိန်ကို မြင်ခွင့်ရတဲ့ ဝူဟန်မြို့က ကိုရိုနာဗိုင်းရပ်စ်လူနာ

10-3-2020-yyl040.jpg

အခုဆိုရင် ကိုရိုနာဗိုင်းရပ်စ်သစ် ကူးစက်ခံရသူဦးရေ (၁) သိန်းကျော်နေပြီး ရောဂါပျံ့နှံ့တဲ့ နိုင်ငံတွေကလည်း (၁၀၀) ကျော်နေပြီဖြစ်ပါတယ်။ လူတော်တော်များများက ကိုရိုနာဗိုင်းရပ်စ်သစ် ကူးစက်ခံရသူတွေ ပြန်လည်ကောင်းမွန်လာဖို့နဲ့ သေဆုံးသူဦးရေတိုးမလာဖို့ စိုးရိမ်စွာနဲ့ မျှော်လင့်နေကြရပါတယ်။ ဝူဟန်မြို့က အသက် (၈၇) နှစ်အရွယ် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရတဲ့ လူနာကလည်း ဆေးရုံထဲမှာပဲ နေရောင်မြင်ခွင့်မရဘဲ ဆေးကုသမှုခံယူနေခဲ့ရမှ (၁) လအကြာမှာတော့ နေဝင်ချိန်ကို ကြည့်ခွင့်ရခဲ့ပါတယ်။

အသက် (၂၇) နှစ်အရွယ် ဆရာဝန်နဲ့ အသက်ကြီးပိုင်ကို ရိုနာဗိုင်းရပ်စ်လူနာတို့ နေဝင်ချိန်ကြည့်နေတဲ့ပုံကို မတ်လ (၅) ရက်နေ့က ရိုက်ခဲ့တာဖြစ်ပါတယ်။ အဲဒီကိုရိုနာဗိုင်းရပ်စ်လူနာက အပြင်မထွက်ရတာ တစ်လကြာပြီဖြစ်ပါတယ်။ ဆရာဝန် လျိုခိုင်က အသက် (၈၇) နှစ်အရွယ် လူနာကို CT ဓာတ်မှန်ရိုက်ရင်းနဲ့ နေဝင်ချိန်ကို အတူတူကြည့်ဖို့အတွက် လူနာကို အပြင်ကို ခေါ်ထုတ်ဖို့ ဆုံးဖြတ်ခဲ့တာပါ။

ဆရာဝန်လျိုနဲ့ စေတနာ့ဝန်ထမ်းက လူနာကို မိနစ်အနည်းလောက် အပြင်ကို ခေါ်ထုတ်ခဲ့ပြီး စေတနာ့ဝန်ထမ်းက ဆရာဝန်နဲ့လူနာ နေဝင်ချိန်ကြည့်နေပုံကို ရိုက်ခဲ့တာပါ။ အခုဆိုရင် ဒီပုံက လူမှုကွန်ယက်အကောင့်တွေမှာ ပျံ့နှံ့နေပါပြီ။ ဆရာဝန်လျိုက လွန်ခဲ့တဲ့ (၁) လလောက်ကမှ ရှန်ဟိုင်းမြို့ရဲ့ Zhongshan Hospital ကနေ ဝူဟန်မြို့ကို ပြောင်းရွှေ့လာခဲ့တာပါ။ အဲဒီနောက်မှာ Renmin Hospital of Wuhan University မှာ ဆေးရုံတက်နေတဲ့ အဲဒီလူနာကို သူက ဆေးကုသပေးခဲ့ရပါတယ်။

ဒီလူနာက ဖေဖော်ဝါရီလ အစောပိုင်းကတည်းက ဆေးရုံတက်ခဲ့ရပြီး သူ့အခြေအနေဟာ လွန်ခဲ့တဲ့လကမှ တည်ငြိမ်လာခဲ့တယ်လို့ တရုတ်မီဒီယာအရသိရပါတယ်။ “နေရောင်ခြည်အနည်းငယ်ရတာက သူ့ကို ပြန်ကောင်းမွန်လာအောင် ကူညီပေးနိုင်မယ်လို့ ကျွန်တော်ထင်ပါတယ်” လို့ ဆရာဝန်လျိုက ပြောပါတယ်။ လူနာနဲ့ Video Call ပြောပြီး နေဝင်ချိန်ကြည့်တဲ့အကြောင်း မှတ်မိလားလို့မေးကြည့်တဲ့အခါမှာ “မှတ်မိပါတယ်၊ နေဝင်ချိန်ကြည့်တာမိုက်တယ်” လို့ ကိုရိုနာလူနာက ပြောပါတယ်။ အဲဒီလူနာက အခြေအနေတော်တော်လေး ကောင်းမွန်နေပြီလို့လည်း သိရပါတယ်။

Ref: Elderly Covid-19 patient in Wuhan enjoys sunset with doctor after 1 month in isolation

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top