ကုထုံးသိုးလေးနဲ့အတူ စာမေးပွဲရလဒ်တွေ လာထုတ်ခဲ့လို့ လူမှုကွန်ယက်ပေါ်မှာ လူပြောများသွားခဲ့တဲ့ ကျောင်းသူလေး

goat.jpg

ဗြိတိန်ဆယ်ကျော်သက်ကောင်မလေးဟာ Tarleton Academy မှာ the General Certificate of Secondary Education (GCSE) ရလဒ် လာထုတ်တဲ့အချိန် သူ့ရဲ့အချစ်ဆုံးသူငယ်ချင်း ကယ်ဗင်ဆိုတဲ့ သိုးလေးတစ်ကောင်ကို ခေါ်လာပြီးတဲ့နောက် လူမှုကွန်ယက်မှာ သူ့ကို လူပြောများလို့နေပါတယ်။ အသက် ၁၆ နှစ်အရွယ် မီလီ ဂျွန်ဆန် ဆိုတဲ့ အဲ့ဒီကောင်မလေးက ကုထုံးသိုးလေးလည်းဖြစ်တဲ့ ကယ်ဗင်ကို ခေါ်ဆောင်လာခဲ့တာပါ။

သိုးလေ့ကျင့်ထိန်းကျောင်းနိုင်တဲ့ဆုရရှိထားပြီးသားဖြစ်တဲ့ မီလီက သိုးလေးနဲ့အတူ စာမေးပွဲရလဒ် လာထုတ်တာနဲ့ပတ်သက်ပြီး အခုလို ပြောထားပါတယ်။ “ကယ်ဗင်က ကျွန်မရဲ့အချစ်ဆုံးသူငယ်ချင်းဖြစ်ပြီး ကျွန်မ ဘယ်သွားသွား လိုက်ပါတယ်၊ ဖြစ်ပျက်ခဲ့တာတွေကို မပြောင်းလဲနိုင်မှန်းသိပေမဲ့ ကယ်ဗင်က ကျွန်မနဲ့အတူတူရှိပေးပြီးတော့ အများကြီး ကူညီပေးခဲ့တာပါ”တဲ့။

ကယ်ဗင်ဟာဆိုရင် သူနဲ့ လိုက်ဖက်တဲ့ဝတ်စုံကို ဝတ်ပြီးတော့ ကျောင်းကပွဲမှာလည်း အဖော်လိုက်ပေးခဲ့တာပါ။ မီလီရဲ့စိတ်တည်ငြိမ်ဖို့အတွက် ကယ်ဗင်က ကုထုံးသိုးအဖြစ် ပြုမူပေးခဲ့တယ်လို့ ဆိုထားပါတယ်။ မီလီက စိတ်ကျေနပ်စေတဲ့ စာမေးပွဲရမှတ်တွေရရှိခဲ့တဲ့အပြင် တိရစ္ဆာန်မွေးမြူရေးနဲ့ ကုသရေးမှာ အလုပ်သင်သူနာပြလုပ်ပေးဖို့ ကမ်းလှမ်းတဲ့ ဖုန်းလည်းလက်ခံရရှိခဲ့ပါတယ်။

မီလီရဲ့မိသားစုက မီလီရဲ့အောင်မြင်မှုအတွက် ဂုဏ်ပြုပေးဖို့ စီစဉ်နေတာပါ။ ကယ်ဗင်ကတော့ အဲ့ဒီပွဲမှာ ရှိနေမှာမဟုတ်ပါဘူး။ ကယ်ဗင်က ဘီယာသောက်ဖို့ အသက်မပြည့်သေးဘူးလို့ စနောက်ပြောထားပါသေးတယ်။ မီလီနဲ့ ကယ်ဗင်တို့က နိုဝင်ဘာလကျရင် the Young Shepherd of the Year ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့လည်း ပြင်ဆင်နေပါတယ်။ မီလီက The Trawden Agricultural Show ရဲ့ အသက် ၁၁ နှစ်အထက် Young Handler’s Class အမျိုးအစားမှာ ကယ်ဗင်နဲ့အတူ ပထမနေရာရရှိခဲ့ပါသေးတယ်။

Ref: Student Takes ‘Therapy Sheep’ To Collect Her Exam Results: ‘He’s My Best Friend

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top