အာဖဂန်နစ္စတန်နိုင်ငံရဲ့ တောင်ထူထပ်တဲ့ အရှေ့ပိုင်းဒေသမှာ ပြင်းအား ၆ မဂ္ဂနီကျူ့စ် ငလျင် လှုပ်ခတ်ခဲ့လို့ အနည်းဆုံး လူ ၆၀၀ သေဆုံးခဲ့ပါတယ်။ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ ဒေသစံတော်ချိန် ည ၁၁း၄၇ မိနစ်အချိန်က ပဉ္စမမြောက် အကြီးဆုံးမြို့ဖြစ်တဲ့ ဂျာလာလာဘတ်မြို့ကနေ ၁၇ မိုင်အကွာကို ဗဟိုပြုလှုပ်ခတ်ခဲ့တာပါ။
ငလျင်လှုပ်ခတ်မှုကြောင့် တုန်ခါမှုဒဏ်ကို ၈၇ မိုင်ကွာဝေးတဲ့ ကဘူးလ်မြို့အထိ ခံစားခဲ့ရတယ်လို့ ဆိုပါတယ်။ ငလျင် ဗဟိုပြုချက်ဟာ ပုံမှန်အချိန်မှာတောင် သွားလာဖို့ ခက်ခဲတဲ့ တောင်ထူထပ်ရာ ဒေသဖြစ်တာကြောင့် ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ဖို့ အဟန့်အတား ကြီးမားနေပါတယ်။ ငလျင် လှုပ်ခတ်မှုကြောင့် ကြုံတွေ့ရတဲ့ ထိခိုက်ပျက်စီး ဆုံးရှုံးမှုတွေကိုလည်း အခုအထိ အတိအကျ မသိရသေးပါဘူး။
Ref: More than 600 killed in Afghanistan earthquake
NZ ( ရိုးရာလေး)

