Star Wars ဇာတ်ကောင် ဒါ့သ်ဗေဒါ ရဲ့အလင်းဓားကို ဒေါ်လာ ၃.၆ သန်းကျော်နဲ့ လေလံအောင်

light.jpg

Star Wars ရုပ်ရှင်ထဲက နာမည်ကြီးဇာတ်ကောင်တွေထဲက တစ်ဦးဖြစ်တဲ့ ဒါသ်ဗေဒါရဲ့အထင်ကရအလင်းဓားကို ကြာသပတေးနေ့က ဒေါ်လာ ၃.၆၅ သန်းကျော်နဲ့ လေလံတင်ရောင်းချနိုင်ခဲ့ပါတယ်။ ဒီအလင်းဓားက ရုပ်ရှင်အမှတ်တရတွေအဖြစ် Prpstore ကုမ္ပဏီစုဆောင်းထားတဲ့ လေလံပစ္စည်းတွေထဲက တစ်စိတ်တစ်ပိုင်းဖြစ်ပါတယ်။

ဒီဇာတ်ကောင်လက်နက်က The Entertainment Memorabilia Live Auction: Los Angeles Summer 2025 မှာ လေလံတင်ဖို့ ရာနဲ့ချီတဲ့ ပစ္စည်းတွေမှာ ပါဝင်ခဲ့ပါတယ်။ အခြားပစ္စည်းတွေမှာ အင်ဒီယာနာဂျုန်းရဲ့ကြာပွတ်နဲ့ မိုက်ကယ် ကီယာတန်ရဲ့ လင်းနို့လူသားဝတ်စုံလည်းပါဝင်ပါတယ်။

အလင်းဓားကို လေလံစခေါ်ဈေးက ဒေါ်လာ ၅၀၀၀၀၀ ပါ။ လေလံမစခင်မှာတင် အမြင့်ဆုံးလေလံဈေးက ဒေါ်လာ ၁.၂ သန်းအထိရောက်ရှိခဲ့ပါတယ်။ Star Wars (1980) နဲ့ Star Wars (1983) ရုပ်ရှင်တွေမှာ ပါဝင်ခဲ့တဲ့ ဒီအနီရောင်လေဆာအလင်းဓားကို တိုက်ခိုက်ရေးဇာတ်ဝင်ခန်းတွေမှာ အသုံးပြုခဲ့တာကြောင့် အက်ကွဲတာ၊ ဆေးပွန်းတာနဲ့ ခြစ်ရာတွေတော့ရှိတယ်လို့သိရပါတယ်။

Ref: Darth Vader lightsaber fetches more than $3.6M at auction

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top