The Batman ဇာတ်ကားအပါအဝင် ဇာတ်ကားတော်တော်များများမှာ ဗီလိန်အဖြစ် သရုပ်ဆောင်ခဲ့တဲ့ မင်းသား ကိုလင်ဖာရယ်ဟာ စက်တင်ဘာ ၁၄ ရက်နေ့က ပြုလုပ်တဲ့ Emmys ဆုပေးပွဲကို တက်ရောက်ခဲ့ပါတယ်။ ဆုပေးပွဲရဲ့ အနီရောင်လျှောက်လမ်းထက်မှာ သားအငယ်ဆုံး ဟင်နရီ ဖာရယ်နဲ့အတူ မြင်တွေ့ခဲ့ရပါတယ်။
သားအဖနှစ်ယောက်လုံးက လိုက်ဖက်ညီစွာ ဝတ်စားဆင်ယင်ထားပါတယ်။ ဟင်နရီက သူ့အဖေရဲ့ဘေးမှာ ရပ်လိုက်တော့ အရပ်က သူ့အဖေထက် မြင့်ပုံရပါတယ်။ ဟင်နရီဟာ ၂၀၀၉ ခုနှစ် အောက်တိုဘာ ၇ရက်နေ့က မွေးဖွားခဲ့တာဖြစ်လို့ အသက်ကတော့ ၁၆ နှစ်ရှိပါပြီ။ မိခင်ဖြစ်သူက မင်းသမီး အလစ်ဂျ ဘာချလ်ဒါပါ။
ကိုလင်က ဟင်နရီကို ပွဲတော်တော်များများဆီ ခေါ်လာလေ့ရှိပါတယ်။ ၂၀၂၃ ခုနှစ်က ၉၅ ကြိမ်မြောက် အကယ်ဒမီဆုပေးဆီ ခေါ်လာခဲ့သလို ၂၀၂၄ ခုနှစ် စက်တင်ဘာလတုန်းက The Penguin ရုပ်ရှင်အထူးမိတ်ဆက်ပွဲဆီလည်း ဟင်နရီကို ခေါ်လာခဲ့ပါတယ်။
ကိုလင်မှာ မော်ဒယ် ကင်မ် ဘိုဒန်နော့နဲ့ ရတဲ့ သားအကြီး ဂျိမ်းစ် ဖာရယ်ရှိပါသေးတယ်။ သူသား ၂ ယောက်လုံးကို တော်တော်ချစ်ပုံရပါတယ်။ ၂၀၂၅ ခုနှစ် Golden Globes မှာ ဆုရရှိခဲ့ချိန်တုန်းက သားတွေကို ကျေးဇူးတင်ကြောင်းပြောခဲ့သလို သူတို့အတွက် ဂုဏ်ယူတယ်လို့လည်း ပြောသွားခဲ့ပါသေးတယ်။
Ref: Colin Farrell brings son to the 2025 Emmys: What to know about his kids
WL (ရိုးရာလေး)

