ခရစ္စမတ်သစ်ပင်နဲ့တူတဲ့ ကြယ်အစုအဝေးဓာတ်ပုံကို နာဆာက မျှဝေ

22.12.23-yyl-3.jpg

နာဆာဟာ နဂါးငွေ့တန်းကြယ်စင်စုအတွင်းက ကြယ်အစုအဝေးရဲ့ပုံရိပ်အသစ်ကို မျှဝေခဲ့ပါတယ်။ အဲဒီကြယ်အစုအဝေးနာမည်က NGC 2264 ဖြစ်ပြီး အခုရာသီနဲ့လိုက်ဖက်စွာ ခရစ္စမတ်သစ်ပင်ပုံစံနဲ့တူနေပါတယ်။ နာဆာရဲ့ပုံအသစ်ကို မြင်တွေ့ခဲ့ရတဲ့ လူမှုကွန်ယက်အသုံးပြုသူတွေက အခုလို သုံးသပ်ချက်ပေးကြပါတယ်။

“ဝိုး…လှပတဲ့ပုံရိပ်ပဲ။ အစုအဝေးထဲက ကြယ်တွေ အပြည့်အဝဖြစ်ပေါ်လာဖို့ နှစ်ဘယ်လောက်ကြာမလဲ သိချင်မိတယ်”၊ “နာဆာက ခရစ္စမတ်အငွေ့အသက်ကို ယူဆောင်လာပေးတယ်”၊ “လုံးဝကို စွဲမက်ဖွယ်ကောင်းတယ်။ နာဆာက ရိုက်ကူးထားတဲ့ NGC 2264 ရဲ့အလှကို မျှဝေပေးတဲ့အတွက် ကျေးဇူးတင်တယ်”တဲ့။

NGC 2264 က နှစ် ၁ သန်းကနေ ၅ သန်းကြာ သက်တမ်းရှိပြီး ကမ္ဘာမြေကနေ အလင်းနှစ် ၂၅၀၀ ဝန်းကျင်မှာ တည်ရှိတယ်လို့ နာဆာက ခန့်မှန်းထားပါတယ်။

Ref: NASA shares incredible new photo of star cluster that looks similar to a Christmas tree

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top