မလေးရှားနိုင်ငံ၊ Cameron Highlands ရှိ ညဈေးတစ်ခုမှာ ပန်းရောင်ဖားဝတ်စုံကို ဝတ်ပြီး ကပြဖျော်ဖြေနေတဲ့ အမျိုးသားဟာ TikTok မှာ လူပြောများသွားခဲ့ပါတယ်။ သူ့ရဲ့ဝတ်စုံကြောင့်ရော ကလေးလေးကို ချီပိုးထားတာကြောင့်ပါ လူမှုကွန်ယက်အသုံးပြုသူတွေရဲ့အာရုံကို ဖမ်းစားနိုင်ခဲ့တာပါ။
ကလေးလေးကလည်း သူ့အဖေနဲ့အတူ လိုက်ကနေတဲ့အပြင် ဖြတ်သွားဖြတ်လာနေတဲ့သူတွေကိုလည်း အာဘွားတွေ ပေးနေခဲ့ပါတယ်။ ဖားဝတ်စုံနဲ့ကပြဖျော်ဖြေနေတဲ့ ဗီဒီယိုကို TikTok အသုံးပြုသူ @schafeeqaz ဟာ ပြီးခဲ့တဲ့အပတ်က တင်ခဲ့တာပါ။ “ဖားဝတ်စုံကြီးနောက်ကွယ်က ကြီးမြတ်တဲ့ဖခင်ကို မြင်တွေ့လိုက်ရခြင်း။ ကျွန်မတိုရဲ့ဘဝတွေ ခက်ခဲတယ်လို ခံစားမိတဲ့အခါ ကျွန်မတိုထက် ပိုခက်ခဲတဲ့သူတွေ ရှိပါတယ်။ ဘယ်လို ရောင်ရဲတင်းတိမ်ရမယ်ဆိုတာ မသိကြလိုပါပဲ”ရေးသားထားပါသေးတယ်။ ညဈေးလာခဲ့မယ်ဆိုရင် သူတိုသားအဖကို ထောက်ပံ့ပေးကြဖို အခြားသူတွေကိုလည်း တိုက်တွန်းပေးထားပါတယ်။

အခြားလူမှုကွန်ယက်အသုံးပြုသူတွေကလည်း အဖေဖြစ်သူရဲ့ကြိုးစားအားထုတ်မှုနဲ့ ကလေးရဲ့အပြစ်ကင်းစင်မှုတိုကို သဘောကျနှစ်သက်ခဲ့ကြပါတယ်။ သူတိုမိသားစုကို ငွေကြေးကူညီပေးဖို အဖေဖြစ်သူရဲ့QR Code ကို တင်ပေးဖိုလည်းတောင်းဆိုခဲ့ကြပါတယ်။
အဖေဖြစ်သူရဲ့သူငယ်ချင်းလို ယူဆရတဲ့ လူမှုကွန်ယက်အသုံးပြုသူတစ်ဦးက ဖားဝတ်စုံနဲ့ကပြဖျော်ဖြေသူဟာ Yassin ဖြစ်ပြီး ကလေးလေးက အသက် ၁ နှစ်နဲ့ ၈ လရှိပြီလို ပြောပြထားပါတယ်။ နောက်ပိုင်းကျတော့ Yassin ကိုယ်တိုင်က သူ့ရဲ့ TikTok အကောင့်မှာ ပုံတွေတင်ခဲ့ပြီး လူအများကို ကျေးဇူးတင်စကားဆိုခဲ့ပါတယ်။ သားဖြစ်သူ Yunus က သူညဈေးမှာ အလုပ်သွားလုပ်တဲ့အချိန်ဆို သူနဲ့အတူ လိုက်ရတာကြိုက်တယ်လို ပြောပြပါတယ်။ သူ့ဇနီးသည်ကို ပျင်းရိတယ်၊ ကလေးကို ဂရုမစိုက်ဘူးလို လူမှုကွန်ယက်အသုံးပြုသူတွေ ပြောဆိုထားတာနဲ့ပတ်သက်ပြီး “ကျွန်တော့်ကလေးကို ကျွန်တော့်ဇနီးက ကြိုးစားမွေးပေးခဲ့ရတာပါ။ Yunus ကို ကျွန်တော်နဲ့အတူ ခေါ်သွားချင်လို အလုပ်ကို ခေါ်သွားခဲ့တာပါ”လို သူ့ဇနီးဘက်ကနေ ခုခံပြောပေးထားပါတယ်။
Ref : Father dresses up as frog to earn money at M’sia night market, dances while carrying his toddler
WL (ရိုးရာလေး)

