အဘိုးရဲ့ဈာပနစရိတ်ရဖို့ ဖိနပ်နဲ့ဂျာစီရောင်းမယ့် အမျိုးသမီးကို NFL ကြယ်ပွင့် ကူညီ

25-7-2022-yyl01.jpg

အဘိုးရဲ့ဈာပနစရိတ်ရဖို့ ဖိနပ်နဲ့ ဂျာစီ ထုတ်ရောင်းတဲ့ အမျိုးသမီးအတွက် အမေရိကန် Football ကြယ်ပွင့် ဂျေဂျေဝက်က ငွေကြေးအကူအညီ ပေးခဲ့ပါတယ်။ ဂျနီဖာဆင်ပဆန်လို့ အမည်ရတဲ့ အမျိုးသမီးဟာ သူ့အဘိုးရဲ့ ဈာပနစရိတ်ရဖို့ J.J. Watt အမှတ်တံဆိပ် ဖိနပ်တစ်ရံနဲ့ အမျိုးသမီးဝတ် ဂျာစီတစ်ထည်ကို ရောင်းမယ်လို့ တွစ်တာပေါ်မှာ ရေးသားခဲ့တာပါ။

အဲဒီရေးသားဖော်ပြချက်ကို ဂျေဂျေဝက်က တွေ့ရှိခဲ့ပြီး ဖိနပ်နဲ့ ဂျာစီ မရောင်းပစ်ဖို့၊ ဈာပနစရိတ်ကို သူ ကူညီပေးမယ့်အကြောင်း တုံ့ပြန်ခဲ့တာပါ။ ဂျေဂျေဝက်ဟာ Houston Texans အသင်းမှာ ဆယ်စုနှစ် တစ်ခုကြာ ကစားခဲ့သူပါ။

Ref: J.J. Watt Offers To Help Woman Pay For Her Grandfather’s Funeral

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top