အိပ်မက်ထဲက နံပါတ်အတိုင်း ထီထိုးခဲ့သူ ကန်ဒေါ်လာ တစ်သန်းဆု ဆွတ်ခူး

60335188_2380563525307887_9132751199026544640_n.jpg

သြစတြေးလျနိုင်ငံက အမျိုးသားတစ်ယောက်ဟာ အိပ်မက်ထဲက ထီနံပါတ်အတိုင်း ထီထိုးခဲ့ရာမှာ အမေရိကန်ဒေါ်လာ တစ်သန်းဆု ဆွတ်ခူးခဲ့ပါတယ်။ အမည်မဖော်လိုတဲ့ အမျိုးသားဟာ လွန်ခဲ့တဲ့ (၁၃) နှစ်တုန်းက အိပ်မက်ထဲမှာ ထီနံပါတ်ရခဲ့ပြီး အဲဒီအချိန်ကတည်းက ဒီနံပါတ်အတိုင်း ထီထိုးလာခဲ့သူပါ။

ပြီးခဲ့တဲ့နှစ်တွေအတွင်းကလည်း အဲဒီနံပါတ်နဲ့ ထီဆုသေးတွေ ဆွတ်ခူးခဲ့ဖူးပါတယ်။ ဒီဖြစ်ရပ်ဟာ အိပ်မက်ထဲက ထီနံပါတ်ကိုထိုးပြီး ထီပေါက်တဲ့ ပထမဆုံးအကြိမ် မဟုတ်ပါဘူး။ အခုလအစောပိုင်းတုန်းကလည်း အမေရိကန်နိုင်ငံက အမျိုးသမီးတစ်ယောက်ဟာ အိပ်မက်ထဲက ထီနံပါတ်အတိုင်း ထီထိုးခဲ့ရာမှာ အမေရိကန်ဒေါ်လာ ၁၀၁၆၀၀ ဆု ဆွတ်ခူးခဲ့ဖူးပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top