အသက် ၇၆ နှစ်မှာ ကွယ်လွန်သွားခဲ့တဲ့ ဝါရင့်ဟောင်ကောင်မင်းသားကြီး

hong.jpg

ဝါရင့်ဟောင်ကောင်မင်းသားကြီး ဘန့်ဇ်ဟွေ့ဟာ အသက် ၇၆ နှစ်အရွယ်မှာ ကင်ဆာရောဂါကြောင့် ကိုယ်အင်္ဂါအစိတ်အပိုင်းတော်တော်များများအလုပ်မလုပ်တော့ဘဲ သေဆုံးသွားခဲ့ရပါတယ်။ ဒီစိတ်မကောင်းစရာသတင်းကို ဘန့်ဇ်ဟွေ့ရဲ့မိတ်ဆွေသူငယ်ချင်း မာရီယာ လုစီဆာ လိုင်တာအိုက သူ့မိသားစုကိုယ်စား မီဒီယာကို အသိပေးခဲ့တာပါ။ မင်းသားကြီးဘန့်ဇ်ဟွေ့က အောက်တိုဘာ ၂၈ ရက်နေ့ မနက် ၂ နာရီခွဲမှာ ကွယ်လွန်သွားခဲ့တာပါ။ 

အောက်တိုဘာ ၂၇ ရက်နေ့ ညနေပိုင်းမှာ ဘန့်ဇ်ဟွေ့ရဲ့ကျန်းမာရေးအခြေအနေဆိုးရွားခဲ့တာကြောင့် ဆေးရုံတင်လိုက်ရပါတယ်။ အဲ့ဒီနောက် ဟောင်ကောင်သရုပ်ဆောင်ဆယ်လီတော်တော်များများက ဆေးရုံကို လာရောက်ခဲ့တာမြင်တွေ့ရပါတယ်။ မင်းသားကြီးမှာ ဇနီးဖြစ်သူ အိန်ဂျယ်လီ လုံနဲ့ သမီးဖြစ်သူမင်းသမီး ချာမိန်းရှီးနဲ့ သားမက်တို့ကျန်ခဲ့ပါတယ်။ 

မနေ့က ပွဲတစ်ပွဲမှာ သမီးဖြစ်သူချာမိန်းရှီးကို မင်းသားကြီးရဲ့ကျန်းမာရေးအခြေအနေအကြောင်း မေးမြန်းကြတော့ မျက်ရည်ကျပြီးတော့ သူ့အဖေရဲ့အခြေအနေ သိတဲ့အတွက် ဆေးရုံကို သွားဖို့ သူ့ရဲ့အလုပ်အချိန်ဇယားတွေကို ပြောင်းလဲထားတယ်လို့ ပြောပါတယ်။ ညနေခင်းမှာ ဆေးရုံလာတာကို မြင်တွေ့ခဲ့ရပြီး သတင်းထောက်တွေရဲ့မေးခွန်းတွေကိုတော့ မဖြေကြားခဲ့ပါဘူး။ 

မင်းသားကြီးဘန့်ဇ်ဟွေ့နဲ့ သူ့မိသားစုက အရင်တုန်းကတော့ စင်ကာပူမှာ အခြေချနေထိုင်ခဲ့တာပါ။ အခုတော့ ဟောင်ကောင်မှာ ပြောင်းရွေ့နေခဲ့ပြီး ဟောင်ကောင်မှာပဲ သေဆုံးသွားခဲ့ပါတယ်။ မကြာသေးခင်ကမှ ဘန့်ဇ်ဟွေ့က သမီးဖြစ်သူနဲ့ YouTube ဗီဒီယိုတော်တော်များများမှာ ပါဝင်ခဲ့ပြီး လွန်ခဲ့တဲ့ ၉ ရက်နေ့က တင်ခဲ့တဲ့ သားအဖ ၂ ယောက် ဗီဒီယိုဂိမ်းတွေကစားခဲ့တဲ့ ဗီဒီယိုဟာ နောက်ဆုံးတင်ထားတဲ့ဗီဒီယိုပါပဲ။ 

Ref: Actor Benz Hui dies aged 76 from multiple organ failure due to cancer

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top