ဒီတစ်ပတ်အတွက် ကြည့်စရာ နိုင်ငံခြားရုပ်ရှင်ကားသစ်

yyl-031.jpg

အရင်အပတ်က ညွှန်းပေးခဲ့တဲ့ Tomb Raider ကားအပြီး ဒီတစ်ပတ် ထပ်ညွှန်းပေးချင်တာကတော့ အထူးပြုလုပ်ဖန်တီးချက် ကောင်းကောင်းနဲ့ ရိုက်ကူးထားတဲ့ Pacific Rim: Uprising ဇာတ်ကားပဲ ဖြစ်ပါတယ်။ သိပ္ပံစိတ်ကူးယဉ် ရုပ်ရှင်ပရိသတ်တွေ အတွက်ကတော့ တကယ်ကို ကြည့်ချင်စရာ ဇာတ်ကားတစ်ခုပါပဲ။ JCGVကAuro Max Theatre မှာ ပြတာ ဆိုတော့ အသံ၊ ရုပ်ထွက်စနစ် ကောင်းကောင်းနဲ့ ကြည့်ရမှာမို့ ဘယ်လိုပြောရမလဲ လွှတ်ကောင်းပေါ့

…အခု ဇာတ်လမ်းအမြည်းလေး နည်းနည်း ပေးလိုက်ဦးမယ်…

Battle of Breach အပြီး ဆယ်နှစ်လောက်အကြာ ကိုင်ဂျူစစ်ပွဲရဲ့ သူရဲကောင်း စတက်ကာ ပန်တာကော့စ်ရဲ့သား Jaeger Pilot ဟောင်း ဂျိတ် ပန်တာကော့စ်ဟာ Jaegerစက်ရုပ်တွေက အစိတ်အပိုင်းတွေကို ခိုးယူပြီး မှောင်ခိုဈေးကွက်မှာ ရောင်းချကာ နေထိုင်စားသောက်နေပါတယ်။ တစ်ရက်တော့ Jaegerစက်ရုပ်ကPower Coreတစ်ခုကို ခိုးယူရင်း PPDCက ဖမ်းဆီးတာကိုခံလိုက်ရပြီး သူ့ရဲ့ မွေးစားအစ်မတော်သူ PPDC က အတွင်းရေးမှူး မာကို မိုရီက သူ့ကို ရွေးချယ်ဖို့ လမ်းနှစ်ခု ပေးခဲ့ပါတယ်။ ထောင်အကျခံမလား  PPDCမှာ လေ့ကျင့်ရေးနည်းပြ ပြန်လုပ်မလား ဆိုတဲ့ လမ်းနှစ်ခုပါ။ Jake က လေ့ကျင့်ရေးနည်းပြ ပြန်လုပ်ဖို့ရွေးလိုက်ပြီး သူအတော်ကြာကြာ မေ့ထားခဲ့တဲ့ နေရာကို ပြန်ခြေချခဲ့ပါတယ်။ 

Jake တစ်ယောက် အရင်တိုက်ပွဲတွေထက် ပိုဆိုးတဲ့ တိုက်ပွဲအသစ်တစ်ခုကို သူ့ရဲ့ တပ်သားသစ်လေးတွေနဲ့ ဘယ်လို ရင်ဆိုင်မလဲ ဆိုတာကို ရင်ခုန် စိတ်လှုပ်ရှားစရာ အပြည့်နဲ့ ခံစားရမယ်ဆိုတာတော့ အာမခံပါတယ်။

ပထမကားထက် CGI ပိုင်း ပိုကောင်းလာပြီး လိုအပ်ချက်တွေကိုလည်း ပြန်ဖြည့်ထားတာကို တွေ့ရပါတယ်။ Jaeger တွေနဲ့ Monster ကြီးတွေ အပီဗြင်းကြတဲ့ ဇာတ်ဝင်ခန်းတွေဆို အတော်လေးမိုက်ပါတယ်။ အရမ်းကြီးနက်နဲတဲ့ ဇာတ်လမ်းမျိုးလည်း မဟုတ်တာမို့ အရွယ်စုံပရိသတ်တွေ အတွက် သင့်တော်တဲ့ သိပ္ပံ စိတ်ကူးယဉ် ဇာတ်ကားကောင်း တစ်ကား လို့ပြောပါရစေ။

ကဲ ရိုးရာလေးပရိသတ်တွေ အလုပ်အားတဲ့အချိန်လေး စိတ်အပန်းပြေ ကြည့်ရှုနိုင်ဖို့အတွက် ညွှန်းပေးလိုက်ပြီနော်။  ပွဲချိန်တွေပါ ထည့်ပေးထားတယ်။ မီအောင်သာ လစ်ကြပေတော့ဗျို့…

(23.3.2018 မှ 29.3.2018 ) ထိပြသမည့် ပွဲချိန်များ

JCGV Junction City (Ph-01-9253591/01-9253592) (Viber Only 09-952225580)
—–
9:40AM, 12:00PM, 2:30PM, 4:50PM, 7:10PM,9:40PM (Fri to Tue)
9:40AM, 12:00PM, 2:30PM, 4:50PM, 7:10PM (Wed to Thu)
——————————————
JCGV Square (Ph- 01-527055)
9:20PM, 11:45AM, 2:10PM, 4:30PM, 6:50PM, 9:10PM(Fri to Tue)
9:20PM, 11:45AM, 2:10PM, 4:30PM, 6:50PM(Wed to Thu)
——————————————————
JCGV Mawtin (Ph-01-225244)
10:00AM, 12:15, 2:40PM, 5:00PM, 7:20PM, 9:40PM (Fri to Tue)
10:00AM, 12:15, 2:40PM, 5:00PM, 7:20PM(Wed to Fri)
———————————————————
JCGV City Mall (St.John) (Ph- 01-395432)
—–
9:30AM, 11:50AM, 2:15PM, 4:40PM, 7:00PM, 9:30PM (Fri to Thu)
——————————————
JCGV Mingalar Mandalay(Ph-420020812)
9:45AM, 12:00PM, 2:15PM, 4:30PM, 6:45PM, 9:30PM (Fri to Tue)
9:45AM, 12:00PM, 2:15PM, 4:30PM, 6:45PM(Wed to Thu)
——————————————-
JCGV Mawlamyine (Ph-09442597117)
12:00PM, 4:30PM (Fri to Thu)

TH (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top