အရိုးကင်ဆာရောဂါကို ခံစားနေခဲ့ရတဲ့ အသက် ၁၅ နှစ်အရွယ် မလေးရှားကောင်လေးဟာ သူ့ရဲ့နောက်ဆုံးထွက်သက်မတိုင်ခင်မှာတောင် သူ့ညီလေး လိုချင်ခဲ့တဲ့အရာကို ဖြည့်ဆည်းပေးသွားခဲ့ပါတယ်။ သူနဲ့ပတ်သက်တဲ့ TikTok ဗီဒီယိုဟာဆိုရင် လူမှုကွန်ယက်အသုံးပြုသူတွေရဲ့ရင်ထဲထိစေခဲ့ပါတယ်။
မူဟာမတ် ဇာဖရန် ဟာဒီဆိုတဲ့ အဲ့ဒီကောင်လေးဟာ သူ့ညီလေး အိုင်ဒီလ် ဟာဇီရဲ့မွေးနေ့မှာ အိုင်ဒီလ် လိုချင်နေခဲ့တဲ့ iPhone ကို လက်ဆောင်ပေးခဲ့တာပါ။ သူ့ညီလေး iPhone လိုချင်ခဲ့တာကို သူ သိတဲ့အတွက် surprise ဖြစ်သွားအောင် အခုလိုလက်ဆောင်ပေးခဲ့တာပါ။ ညီဖြစ်သူကလည်း ဝမ်းနည်းဝမ်းသာမျက်ရည်တွေကျခဲ့ရပြီး အဲ့ဒီနေ့က သူတို့အတူရှိခဲ့တဲ့ နောက်ဆုံးအခိုက်အတန့်ဖြစ်ခဲ့ပါတယ်။ နာရီအနည်းငယ်ကြာတော့ ဇာဖရန်က သေဆုံးသွားခဲ့ပါတယ်။
TikTok ဗီဒီယို Caption မှာ ညီဖြစ်သူအတွက် ရည်ညွှန်းပြီးရေးခဲ့တဲ့ စာက “မေမေနဲ့ ဖေဖေပြီးရင် အိုင်ဒီလ်က ကျွန်တော့်ကို အဖော်ပြုပေးပြီး ဂရုစိုက်ဆုံးသူတစ်ယောက်ပါ။ ကျွန်တော် အိပ်ဖို့လိုတဲ့အချိန်၊ ကျွန်တော် ဘောလုံးကန်ချင်တဲ့၊ ဂိမ်းဆော့ချင်တဲ့အချိန် ရှိနေပေးခဲ့တယ်။ အရာအားလုံးအတွက် သူ ရှိနေပေးခဲ့တယ်။ အခုနှစ်မှာ ဘယ်တော့မှ တွန့်တိုခြင်းမရှိဘဲ အမြဲရှိနေပေးတဲ့ ညီလေးအတွက် ချစ်ခြင်းမေတ္တာဖော်ပြတဲ့အနေနဲ့ ဖုန်းအသစ်ပေးချင်ခဲ့တယ်။ ပျော်ရွှင်ဖွယ်မွေးနေ့လေးဖြစ်ပါစေ အိုင်ဒီလ် ဟာဇီ…သန်မာပြီး သစ္စာရှိချစ်ပေးတဲ့ညီလေးဖြစ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ အရမ်းအရမ်းချစ်ပါတယ်”တဲ့။
Ref: M’sia teen, 15, gifts younger brother an iPhone & dies on his birthday a few hours later
WL (ရိုးရာလေး)

