ကာရာဘောင်းဖလားပွဲမှာ မန်ယူဘက်ကို ၆ ဂိုးမသွင်းနိုင်လို့ မန်စီးတီးကစားသမားတွေကို ဂွာဒီယိုလာ ကြိမ်းမောင်း

yyl-023-4.jpg

မန်ယူကို အဝေးကွင်းမှာ အနိုင်ရခဲ့တဲ့ ကာရာဘောင်းဖလား ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်မှာ အနည်းဆုံး (၆)ဂိုးသွင်းနိုင်တဲ့ အနေအထားရှိခဲ့ပေမဲ့ (၁-၃)ဂိုးနဲ့ပဲ အနိုင်ရခဲ့လို့ မန်စီးတီးနည်းပြ ဂွာဒီယိုလာက အသင်းသားတွေကို ဆူပူကြိမ်းမောင်းခဲ့တယ်လို့ The Sun သတင်းစာက ဖော်ပြပါတယ်။ အိုးထရက်ဒ်ဖို့မှာ ကစားခဲ့တဲ့ အဲဒီပွဲစဉ် ပထမပိုင်းမှာ မန်စီးတီးက တစ်ဖက်သတ် ဖိကစားနိုင်ခဲ့ပြီး ပထပိုင်းအပြီးမှာ (၃)ဂိုးပြတ် ဦးဆောင်နိုင်ခဲ့ပါတယ်။ မန်စီးတီးဟာ ဒုတိယပိုင်းပွဲချိန်အများစုကို ထိန်းချုပ်နိုင်ခဲ့ပေမဲ့ ရက်ရှ်ဖို့ဒ်က မန်ယူအတွက် ချေပဂိုးတစ်ဂိုး ပြန်သွင်းခဲ့ပါတယ်။

အဲဒီပွဲမှာ (၆)ဂိုးပြတ် အနိုင်ယူပြီး ဒုတိယအကျော့ပွဲစဉ်မှာ မန်ယူအတွက် မျှော်လင့်ချက်မရှိအောင် လုပ်ပစ်ခွင့်ရပေမဲ့ မလုပ်နိုင်ခဲ့ကြတဲ့ သူ့ကစားသမားတွေကို ဂွာဒီယိုလာက ဆူပူခဲ့ကြပါတယ်။ ဒါပေမဲ့ ဘာနာဒိုဆေးလ်ဗား၊ မာရက်ဇ်တို့ရဲ့ စွမ်းဆောင်မှုတွေကိုတော့ ဂွာဒီယိုလာက ချီးကျူးခဲ့ပါတယ်။ ဂွာဒီယိုလာဟာ သူ့အသင်း ခြေစွမ်းပြည့်စုံလာဖို့ ကစားသမားတွေကို အဆမတန် တောင်းဆိုသူအဖြစ် နာမည်ကျော်ကြားသူပါ။ ဒီဖြစ်ရပ်ကတော့ ဂွာဒီယိုလာရဲ့ စံသတ်မှတ်ချက် ဘယ်လောက်မြင့်မားလဲဆိုတာ ဖော်ပြနေတယ်လို့ ဒေးလီးမေးလ်သတင်းစာက ရေးသားထားပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top