ပလတ်စတစ်လေပူဖောင်းအတွင်းကနေ ဖျော်ဖြေတင်ဆက်ခဲ့တဲ့ ရော့ခ်ဂီတအဖွဲ့ရဲ့ဖျော်ဖြေပွဲ

19-10-2020-yyl-016.jpg

ကိုဗစ်ကာလအတွင်းမှာ လူစုလူဝေးဖြစ်စေတဲ့ ပွဲတွေ၊ ဖျော်ဖြေပွဲကျင်းပတာတွေကို တားမြစ်ထားခဲ့တာပါ။ ဒါပေမဲ့ The Flaming Lips ဆိုတဲ့ ရော့ခ်ဂီတအဖွဲ့ကတော့ အွန်လိုင်းပေါ်ကနေမဟုတ်ဘဲ အပြင်မှာပဲ ပရိသတ်တွေကို ဖျော်ဖြေတင်ဆက်ပေးချင်တဲ့အတွက် ဖျော်ဖြေပွဲကို ထူးထူးခြားခြားလေးကျင်းပခဲ့ပါတယ်။ ဥက္ကလာဟိုးမားပြည်နယ်က အဲဒီ ရောခ်ဂီတပညာရှင်တွေဟာ သူတို့ရဲ့ဖျော်ဖြေပွဲကို ပရိသတ်တွေနဲ့အတူ ကျင်းပနိုင်မယ့်နည်းလမ်းတစ်ခုကို ရှာဖွေတွေ့ရှိခဲ့တာပါပဲ။ ကိုဗစ်အန္တရာယ်ကနေ သူတို့ကိုရော၊ ပရိသတ်တွေအားလုံးကိုပါ ကာကွယ်ဖို့အတွက် လူအရွယ်အစားလောက်ရှိတဲ့ ပလတ်စတစ်ပူဖောင်းတွေကို အသုံးပြုခဲ့တာပါ။ ဂီတအဖွဲ့ဝင်တစ်ယောက်ချင်းစီကရော၊ ပွဲကြည့်ပရိသတ်တစ်ယောက်ချင်းစီကပါ ပလတ်စတစ်လေပူဖောင်းထဲဝင်နေရတာဖြစ်ပါတယ်။

ဒီဖျော်ဖြေပွဲကို ပြီးခဲ့တဲ့ တနင်္လာနေ့ညနေက ကျင်းပခဲ့တာဖြစ်ပြီး The Flaming Lips ဂီတအဖွဲ့နဲ့ ပွဲလာပရိသတ်တွေအားလုံးတို့က ပလတ်စတစ်ပူဖောင်းအတွင်းမှာ နေရာယူခဲ့ကြရပါတယ်။ ပလတ်စတစ်ပူဖောင်းထဲဝင်ပြီး ဖျော်ဖြေတင်ဆက်တဲ့နည်းနဲ့ပတ်သက်ပြီး ရှေ့ထွက်အဆိုတော် ဝေနီ ကိုနီ (Wayne Coyne) က COVID-19 က လေဖြည့်ထားတဲ့ပူဖောင်းအတွင်း ဝင်လာနိုင်မှာမဟုတ်ဘူးလို့ တွေးမိခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ ကိုနီနဲ့ သူ့အဖွဲ့က မေလတုန်းကလည်း “The Late Show with Stephen Colbert” ပွဲမှာ ပူဖောင်းထဲဝင်ပြီး ဖျော်ဖြေခဲ့ဖူးပါတယ်။ ဒါက သူတို့ကို ဆက်ပြီး Inspire လုပ်နေခဲ့တာပါ။

“ကျွန်တော်တို့ ပူဖောင်းထဲ ဝင်နေတဲ့ လူ အယောက် (၃၀) နီးပါးနဲ့ သီချင်း (၂) ပုဒ် လုပ်ဖြစ်ပါတယ်။ ကျွန်တော်တို့ ဒီလိုလုပ်တာကနေ စဉ်းစားမိလာတာက ကျွန်တော်တို့ တကယ်လုပ်ချင်ရင် တကယ်ဖြစ်နိုင်တယ်ဆိုတာပါပဲ”လို့ ကိုနီက ဆိုပါတယ်။ “ပလတ်စတစ်လေပူဖောင်း” တွေက Flaming Lips ရှိုးပွဲရဲ့ တစ်စိတ်တစ်ပိုင်းတောင်ဖြစ်နေပါပြီ။ ဖျော်ဖြေပွဲအတွက် နေရာစီစဉ်ပြီးတဲ့နောက်မှာ ဂီတအဖွဲ့က တရုတ်ကနေ လေပူဖောင်း (၁၀၀) ကို မှာယူခဲ့ပါတယ်။

မေလကတည်းက ဂီတဖျော်ဖြေပွဲကျင်းပဖို့ ဆန္ဒရှိခဲ့တာဖြစ်တယ်လို့ ကိုနီက ဆိုပါတယ်။ ပရိသတ်တွေကို ညနေ (၆) နာရီနဲ့ (၇) နာရီကြာ ဖျော်ဖြေပွဲကို လာခိုင်းခဲ့တာပါ။ ” ၆ နာရီကျော်ကျော်လောက်မှာ ရောက်လာကြပါတယ်။ ကျွန်တော်တို့ လူအလုံအလောက်ရှိသွားခဲ့တယ်”လို့ ကိုနီက ပြောပါတယ်။ The Flaming Lips က “Assassins of Youth” နဲ့ “Brother Eye” သီချင်းတွေကို Dance Remix အနေနဲ့ ဖျော်ဖြေတင်ဆက်ခဲ့ပါတယ်။ “ကျွန်တော် ဒီပုံစံဖျော်ဖြေရတာကြိုက်တယ်။ သင် စိတ်လှုပ်ရှားပြီး သင်အော်ချင်သလောက်အော်လို့ရတယ်။ သင့်ဘေးကလူတွေကို ရောဂါမကူးစက်နိုင်ဘူး။ လွတ်လွတ်လပ်လပ်ပျော်လို့ရတယ်။ ဒီအကာအကွယ်ရှိနေသရွေ့ သင့်ကို အကာအကွယ်ဖြစ်နေမှာပါ။ ကျွန်တော် လုပ်နိုင်တဲ့အရာမှန်သမျှကို လုပ်ချင်တယ်။ ကျွန်တော်တို့ လေပူဖောင်းအတွင်းမှာ ရှိနေနိုင်ရင် သေချာပေါက် အန္တရာယ်ကင်းမယ်ထင်တယ်” လို့ ကိုနီက ပြောပါတယ်။ ကိုနီက ကုသဆေးကို မျှော်လင့်နေတယ်လို့လည်း ဆိုပါတယ်။

Ref: CNN “The Flaming Lips performed a concert with the band and fans encased in plastic bubbles”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top