ကလေးငယ်အတွက် အသက်အန္တရာယ် စိုးရိမ်ရတဲ့ လည်ပင်းအကျိတ်ကို အောင်မြင်စွာ ခွဲစိတ်ဖယ်ရှားနိုင်ခဲ့

baby.jpg

ကလေးငယ်တစ်ဦးအတွက် အသက်အန္တရာယ် စိုးရိမ်ရပြီး မျက်နှာတစ်ခုစာ အရွယ်အစားရှိတဲ့ လည်ပင်းအကျိတ်ကြီးကို Global Mercy ဆေးသင်္ဘောကြီးပေါ်မှာ အခမဲ့ ခွဲစိတ်ဖယ်ရှားပေးခဲ့ပါတယ်။ 

ဆီရီယာလီယွန်နိုင်ငံမှ မိန်းကလေးငယ် မီမူနာတာဟာ ငါးလသမီးအရွယ်မှာ လည်ပင်းအကျိတ် စထွက်လာတာဖြစ်ပြီး ဆေးရုံသွားပြပေမဲ့ ခွဲစိတ်မှုလုပ်ဖို ငယ်လွန်းတယ်လို ဆရာဝန်တွေက မှတ်ချက်ပေးခဲ့ပါတယ်။ ၁၀ လအရွယ်မှာတော့ လည်ပင်းအကျိတ်က အလွန်ကြီးထွားလာပြီး သူ့မိဘတွေကလည်း အလွန်စိုးရိမ်လာကြပါတယ်။ 

အခမဲ့ ကျန်းမာရေးစောင့်ရှောက်ပေးနေတဲ့ Global Mercy အဖွဲ့ရဲ့ ဆေးသင်္ဘောကြီးကလည်း တိုက်ဆိုင်စွာပဲ တောင်အာဖရိကနိုင်ငံ ဖရီးတောင်းမြိုကို လာရောက်ဆိုက်ကပ်ခဲ့ပြီး သူ့မိဘတွေက မီမူနာတာကို ဆေးသင်္ဘောကြီးထံ ခေါ်သွားခဲ့ကြပါတယ်။ မီမူနာတာရဲ့ အကျိတ်ကို မြင်တွေ့ရချိန်မှာ အစာစားဖို၊ အသက်ရှူဖို့ အခက်အခဲ ရှိလာနိုင်တယ်လို့ ဆရာဝန်တွေက ကောက်ချက်ချခဲ့ပြီး ခွဲစိတ်မှုလုပ်ရမယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။ 

အခုနှစ် အစောပိုင်းမှာတော့ တော်ဝင်လန်ဒန်ဆေးရုံမှ ဦးခေါင်းနှင့် လည်ပင်းခွဲစိတ်ဆရာဝန် ဒေါက်တာလီယိုချန်းက ဆေးသင်္ဘောပေါ်မှာ ၄ နာရီ ကြာမြင့်တဲ့ ခွဲစိတ်မှုလုပ်ပြီး မီမူနာတူရဲ့ လည်ပင်းအကျိတ်ကို အောင်မြင်စွာ ခွဲစိတ်ဖယ်ရှားပေးခဲ့တာပါ။ 

၂၀၂၃ ခုနှစ်က စတင်ခဲ့တဲ့ Global Mercy ဆေးသင်္ဘောကြီးဟာ ဆာဟာရတစ်ပိုင်း အာဖရိကနိုင်ငံများမှ လူနာ ၃၆၃၀ ကျော်ကို ခွဲစိတ်ကုသမှုတွေ လုပ်ပေးနိုင်ခဲ့ပါတယ်။ 

Ref: British Surgeon Saves Baby’s Life by Removing Tumor the Size of her Face – For Free

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top