ဘရူနိုင်းမင်းသားရဲ့ကြင်ယာတော်အလောင်းအလျာက ဘယ်သူလဲ

11.10.23-yyl-1.jpg

နောက်နှစ်ဇန်နဝါရီလမှာ ဘရူနိုင်းမင်းသား အဒူမာတင် လက်ထပ်တော့မယ်ဆိုတဲ့သတင်းကို သိပြီးကြပြီထင်ပါတယ်။ ဘရူနိုင်းဆူလ်တန်ရဲ့အထူးအကြံပေးပုဂ္ဂိုလ် ပီဟင် ဒါတို ဟာဂျီ အီဆာရဲ့မြေးဖြစ်တဲ့ အေနီရှာ ရိုဆာနာ ဘင်တီ အာဒမ်နဲ့ လက်ထပ်မယ်ဆိုတာကို အခုရက်သတ္တပတ်မှာ ကြေညာခဲ့တာပါ။

အခုဆို ဘရူနိုင်းမင်းသားရဲ့ကြင်ယာတော်အလောင်းအလျာအေနီရှာအကြောင်းကို စိတ်ဝင်စားနေကြပါပြီ။ အေနီရှာက နာမည်ကြီးအင်္ဂလိပ်တက္ကသိုလ်တစ်ခုမှာ ပညာသင်ကြားခဲ့သူဖြစ်ပြီး သူကိုယ်တိုင်ကလည်း အောင်မြင်နေတဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ပါ။ သူက ကိုယ်ပိုင်ဖက်ရှင်အမှတ်တံဆိပ် Silk Collective ပိုင်ရှင်ဖြစ်တဲ့အပြင် သူ့ရဲ့အရင်းနှီးဆုံးသူငယ်ချင်းတစ်ဦးနဲ့အတူ ခရီးသွားကုမ္ပဏီ Authentirary ကိုလည်း လုပ်ကိုင်နေတာပါ။

အေနီရှာရဲ့အစ်ကိုဖြစ်သူ ဒါနီရယ် ဒင် အီဆာ ခါဘီလစ်က ဘရူနိုင်းမင်းသားအဒူမာတင်နဲ့အရင်းနှီးဆုံးသူငယ်ချင်းတွေပါ။ မင်းသားအဒူမာတင်နဲ့ အေနီရှာတို့နှစ်ဦးလုံးက Workout လုပ်ရတာကို နှစ်သက်ကြပါတယ်။ အေနီရှာက ချက်ပြုတ်ရတာကို နှစ်သက်ပြီး ချက်နည်းတွေကိုပြောပြပေးတဲ့ IG အကောင့်လည်းရှိပါတယ်။

မင်းသားအဒူမာတင်နဲ့ အေနီရှာတို့စုံတွဲကို အဒူရဲ့အစ်မဖြစ်သူ ၂ ဦးလုံးနဲ့ မင်္ဂလာပွဲမှာ အတူတူမြင်တွေ့ခဲ့ရပါတယ်။ အဲဒီမင်္ဂလာပွဲတွေက ၂၀၂၂ ခုနှစ် နဲ့ ၂၀၁၃ ခုနှစ် ဇန်နဝါရီလတွေမှာပဲ ကျင်းပပြုလုပ်ခဲ့ကြတာပါ။ အဒူမာတင်နဲ့ အေနီရှာတို့ရဲ့မင်္ဂလာပွဲကလည်း ဇန်နဝါရီလမှာပဲ ကျင်းပမှာဖြစ်တဲ့အတွက် ဇန်နဝါရီလထဲ ကျင်းပတဲ့ ဘရူနိုင်းတော်ဝင်မိသားစုရဲ့တတိယမြောက်မင်္ဂလာပွဲဖြစ်မှာဖြစ်ပါတယ်။
မင်းသားအဒူမာတင်နဲ့ အေနီရှာတို့ရဲ့မင်္ဂလာပွဲအစီအစဉ်တွေကို ဇန်နဝါရီ ၇ ရက်ကနေ စတင်ပြီး ၁၀ ရက်ကြာမြင့်မှာဖြစ်ကာ တော်ဝင်မင်္ဂလာရက်မြတ်ကတော့ ဇန်နဝါရီ ၁၄ ရက်နေ့ဖြစ်ပါတယ်။

ဆက်စပ်သတင်းကိုဖတ်ရှုရန်- ၂၀၂၄ ခုနှစ်မှာ လက်ထပ်တော့မယ့် ဘရူနိုင်းမင်းသား အဒူမာတင်

Ref: Fiancée Of Brunei’s Handsome Prince Abdul Mateen Is A Successful Entrepreneur Who Owns A Fashion Brand & Tourism Company

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top