ပိုက်ဆံမရှိလို့ အမှားလုပ်မိခဲ့တဲ့ တရုတ်မိခင်တစ်ဦး

yyl11919019.jpg

သွေးက ရေထက်ပျစ်ကောင်းပျစ်နိုင်ပါတယ်။ ဒါပေမဲ့ တရုတ်နိုင်ငံက မိခင်တစ်ဦးအတွက်ကတော့ ပိုက်ဆံက သူ့ကလေးနှစ်ယောက်ထက် ပိုအရေးကြီးတဲ့ပုံပါပဲ။

မာ (Ma) လို့သာသိရတဲ့ single mother တစ်ဦးဟာ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလက သူ့ရဲ့မွေးကင်းစကလေးအမြွှာသားလေးတွေကို ယွမ် (၆၅၀၀၀) နဲ့ ရောင်းခဲ့တယ်လို့ သတင်းထွက်ရှိချက်တွေအရ သိရပါတယ်။ ဒီရောင်းချမှုက ပြည်တွင်းရဲတပ်ဖွဲ့ရဲ့ စုံစမ်းစစ်ဆေးမှုကြောင့် မကြာသေးခင်ကမှ ပေါ်လာခဲ့တာဖြစ်ပါတယ်။

အသက် (၂၀) အရွယ်သာရှိသေးတဲ့ မာက သူဟာ ပိုက်ဆံမရှိတဲ့အတွက်၊ အကြွေးထူနေတဲ့အတွက် အခုလိုလုပ်ခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။ သူ့မိဘတွေက လက်မထပ်ရသေးဘဲ ကိုယ်ဝန်ရခဲ့လို့ စိတ်ဆိုးနေတာကြောင့် ဘာအကူညီမှမပေးခဲ့ကြပါဘူး။ ပိုဆိုးတာက ဝူအမည်ရတဲ့ ကလေးအဖေကလည်း ကလေးတွေကို တာဝန်မယူခဲ့တာပါပဲ။ ကလေးမွေးတဲ့အချိန်မှာလည်း သူ့ကို ဘယ်နေရာမှ ရှာမတွေ့ခဲ့ဘဲ ကလေးတွေကို ရောင်းလိုက်တယ်ဆိုတဲ့သတင်းကို သူကြားတဲ့အခါမှာတော့ သူ့အကြွေးတွေကိုဆပ်ပေးဖို့ မာကို တောင်းပန်ခဲ့တယ်လို့ဆိုပါတယ်။

မာက ကလေးရောင်းရတဲ့ငွေကို ဝူနဲ့ တစ်ယောက်တစ်ဝက်ခွဲယူဖို့ ဆုံးဖြတ်ခဲ့ပြီး သူ့ရဲ့Credit Card အကြွေးတွေကို ဆပ်ခဲ့သလို ဖုန်းအသစ်လည်းဝယ်ခဲ့ပါသေးတယ်။ ရဲတွေသိရှိသွားပြီး သူတို့စုံတွဲကို ဖမ်းဆီးခဲ့ကြပါတယ်။ ရဲတွေက နောက်ထပ်စုံစမ်းစစ်ဆေးမှုတွေပြုလုပ်ပြီးတဲ့နောက်မှာ အန်းဟွေးပြည်နယ်မှာ ရောင်းခဲ့တဲ့ အမြွှာကလေးနှစ်ယောက်ကို ရှာတွေ့ခဲ့ပြီး မိဘတွေနဲ့ ပြန်ဆုံဆည်းစေခဲ့တယ်လို့ သတင်းအရ သိရပါတယ်။

Ref: AsiaOne”China mum sells off twin babies for $12,600, buys new phone”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top