Columbia Pictures ရုပ်ရှင်ကုမ္ပဏီ လိုဂိုနောက်ကွယ်မှ သမိုင်းကြောင်း

logo.jpg

ကမ္ဘာကျော် ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီ Columbia Pictures က ထုတ်လုပ်တဲ့ ဇာတ်ကားတွေကို ကြည့်ဖူးသူတိုင်း မီးအိမ် ကိုင်မြှောက်ထားတဲ့ အမျိုးသမီးပုံ လိုဂိုကို သတိထားမိကြမှာပါ။ အဲဒီ လိုဂိုထဲက အမျိုးသမီးဟာ နာမည်ကျော် သရုပ်ဆောင်၊ မော်ဒယ်တစ်ယောက် မဟုတ်ပါဘူး။ Columbia Pictures ရဲ့ ရုံးဝန်ထမ်းတစ်ဦးသာဖြစ်ပြီး သူ့ဘဝမှာ အဲဒီတစ်ကြိမ်တည်းသာ ဓာတ်ပုံမော်ဒယ် လုပ်ခဲ့ဖူးတာပါ။

အဲဒီအမျိုးသမီးဟာ ဂျင်နီဂျိုးဆက်လို့ အမည်ရပြီး ၁၉၉၂ ခုနှစ်က ဓာတ်ပုံမော်ဒယ်အဖြစ် ကိုယ်ဟန်ပြချိန်မှာ ကိုယ်ဝန်ဆောင်ထားရတာပါ။ စက္ကူပတ်ထားတဲ့ စားပွဲတင်မီးအိမ်ကို ကိုင်မြှောက်ကာ ကိုယ်ဟန်ပြခဲ့ပြီး ဓာတ်ပုံဆရာမ ကေသီအန်ဒါဆန်က ဓာတ်ပုံရိုက်ကူးခဲ့ပါတယ်။ ဓာတ်ပုံဆရာမ ကေသီက အကူအညီတောင်းလို့ ဂျင်နီက နေ့လယ်စာ စားချိန်မှာ ကိုယ်ဟန်ပြပေးခဲ့တာဖြစ်ပြီး အဲဒီဓာတ်ပုံကို မှီငြမ်းကာ ပန်းချီဆရာ မိုက်ကယ်ဒီးယားစ်က Columbia Pictures အတွက် လိုဂို ရေးဆွဲပေးခဲ့တာ ဖြစ်ပါတယ်။

ရုပ်ရှင်သမိုင်းမှာ အထင်ရှားဆုံးလိုဂိုတစ်ခုဖြစ်တဲ့ Columbia Pictures လိုဂိုအတွက် ကိုယ်ဟန်ပြပေးခဲ့ပေမဲ့ အဲဒီနောက်ပိုင်းမှာလည်း ဂျင်နီက မော်ဒယ်၊ သရုပ်ဆောင်လုပ်ငန်းမှာ ပါဝင်လှုပ်ရှားတာမျိုးမရှိဘဲ ဂရက်ဖစ်ဒီဇိုင်နာအလုပ်ပဲ ဆက်လုပ်ကာ ဇာတ်မြှုပ်နေထိုင်ခဲ့တယ်လို့ သိရပါတယ်။

Ref: The Story Behind Columbia Pictures’ Iconic Logo

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top