ဖလောရမ့်စ် မုန်တိုင်းဒဏ်သင့် ပြည်သူတွေအတွက် အလှူငွေ ဒေါ်လာ ၂ သန်း လှူဒါန်းခဲ့တဲ့ မိုက်ကယ်ဂျော်ဒန်

shutterstock_4101643bd-e1552292687852.jpg

ဖလောရမ့်စ် မုန်တိုင်းဒဏ်ခံခဲ့ရတဲ့ မြောက်ကာရိုလိုင်းနား ပြည်နယ်၊ ဝယ်လ်မင်တန် ဆိပ်ကမ်းမြို့က မိုက်ကယ်ဂျော်ဒန်ရဲ့ မွေးဖွားရာ ဇာတိမြို့ ဖြစ်ပါတယ်။ ဝယ်လ်မင်တန်မြို့မှာ အထက်တန်း ကျောင်းသားဘဝတည်းက ဘတ်စကတ်ဘော ကစားခဲ့တဲ့ မိုက်ကယ်က NBA ချန်ပီယံဆုကို ၆ ကြိမ် ဆွတ်ခူးထားပြီး Charlotte Hornets ဘတ်စကတ်ဘောအသင်းရဲ့ ပိုင်ရှင်လည်း ဖြစ်ပါတယ်။ ဒါကြောင့် ဇာတိမြို့နဲ့ နီးစပ်ရာဒေသတွေမှာ မုန်တိုင်းကြောင့် ဖြစ်ပွားခဲ့တဲ့ ပျက်စီး ဆုံးရှုံးမှုတွေအတွက် မိုက်ကယ်က တတ်စွမ်းသမျှ ကူညီပေးခဲ့ပါတယ်။

“ဟာရီကိန်းမုန်တိုင်း ဖလောရမ့်စ်ကြောင့် ကျွန်တော်ချစ်ရတဲ့ ဇာတိမြေမှာ ပျက်စီးဆုံးရှုံးမှုတွေကို မြင်ရတာ တကယ်ကို စိတ်ထိခိုက်ရပါတယ်” လို့ မိုက်ကယ်ဂျော်ဒန်က ဆိုပါတယ်။ အသက် ၅၅ နှစ်ရှိနေပြီဖြစ်တဲ့ ဂျော်ဒန်ရဲ့ ဆွေမျိုးတွေနဲ့ သူငယ်ချင်းတွေက မြောက်ကာရိုလိုင်းနား ကမ်းရိုးတန်းဒေသမှာ နေထိုင်ကြတာ ဖြစ်ပါတယ်။ မုန်တိုင်း တိုက်တယ်လို့ သတင်းကြားတည်းက မိသားစုဆွေမျိုးတွေနဲ့ သူငယ်ချင်းတွေ ဘေးကင်းမှု ရှိ မရှိကို တောက်လျှောက်ဆက်သွယ်ခဲ့ပြီး ထိခိုက်မှု မရှိဘူးဆိုမှ စိတ်သက်သာရာရခဲ့ပါတယ်လို့ မိုက်ကယ်က ဆိုပါတယ်။

ဒါကြောင့် မိုက်ကယ်ဂျော်ဒန်က ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နိုင်ဖို့ အမေရိကန် ကြက်ခြေနီအသင်းနဲ့ ကာရိုလိုင်းနား ကယ်ဆယ်ရေး ဖောင်ဒေးရှင်းအတွက် ဒေါ်လာ ၁ သန်းစီ လှူဒါန်းခဲ့ပြီး ဒေသကောင်းကျိုးအတွက် ဆောင်ရွက်ပေးခဲ့တာ ဖြစ်ပါတယ်။

Ref: CNN “Michael Jordan donates $2 million for Florence relief and recovery aid”

Alice May (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top