သွားအခမဲ့ စစ်ဆေးနိုင်တဲ့အကြောင်း သိပြီးပြီလား? Signal မှ သွားဆရာဝန်များနဲ့ မြို့အနှံ့ “အခမဲ့” စစ်ဆေးပေးနေ

siginal1.jpg

သွားပိုးပေါက်တွေကို အချိန်မလွန်ခင် စစ်ဆေးကာကွယ်နိုင်ဖို့ ဆစ်ဂနယ်မှ ”Dr.Signal နဲ့စစ်ဆေး သွားပိုးပေါက်ကာကွယ်ရေး” အခမဲ့သွားစစ်ဆေးရေး ပြုလုပ်ပေးနေတာ တွေ့ရှိရပါတယ်။


အများပြည်သူဆိုင်ရာ နေရာတွေမှာ ဆစ်ဂနယ်က ရွေ့လျားကားနဲ့ မြို့အနှံ့ သွားရောက်ပြီး သွားဆရာဝန်များနဲ့ သွားကျန်းမာရေး အခမဲ့ စစ်ဆေးပေးနေတဲ့အပြင် လက်ဆောင်ပစ္စည်းတွေ ကံစမ်းပေးနေတာ ဖြစ်ပါတယ်။

မိမိနဲ့ နီးစပ်ရာနေရာမှာ အခမဲ့ သွားစစ်ဆေးနိုင်ဖို့ အချိန်နဲ့ နေရာကို Signal Myanmar Facebook Page မှာ အသေးစိတ် ကြည့်ရှုနိုင်ပါတယ်။


မြန်မာနိုင်ငံရဲ့ လူ (၅) ယောက်မှာ (၁) ယောက်နှုန်းဟာ သွားပိုးစားနေကြပြီး သွားပိုးပေါက်တွေ ဆိုးရွားလာမှ ကုသမယ်ဆိုရင် ကုန်ကျစရိတ်က အဆ (၃၀) လောက် ပိုများသွားနိုင်ပါတယ်။


အသက် (၅) နှစ်မှ (၁၀) နှစ်ကြားမှာ သွားပိုးပေါက် စတင်ဖြစ်ပွားလေ့ရှိပြီး မနက်၊ ည သွားတိုက်တဲ့ အလေ့အကျင့် နောက်ကျတာ၊ သွားနဲ့ခံတွင်း စစ်ဆေးမှု မရှိတာတွေကြောင့် သွားပိုးပေါက် ဖြစ်တာဖြစ်ပြီး တစ်နေ့ (၂) ကြိမ် (မနက်၊ ည) သွားပုံမှန်တိုက်ခြင်းဖြင့် သွားပိုးပေါက်ကြိုတင် ကာကွယ်ဖို့ ဆစ်ဂနယ်က တိုက်တွန်းထားပါတယ်။


#DrSignalနဲ့စစ်ဆေးသွားပိုးပေါက်ကာကွယ်ရေး #SignalMyanmar #ဆစ်ဂနယ် #Signal

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top